Posts

Showing posts from February, 2021

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။

နိုးပါ။ ဒါ ဆိုက်ဝါးရဲ့ တစ်စိတ်တစ်ပိုင်းပါ။ IP address နဲ့ နေရာတစ်ခုကို သိရှိနိုင်တယ်ဆိုပေမယ့် ဘယ်အိုင်ပီက ဘယ်ဆိုက်ကို ဘယ်လိုသုံးတယ်ဆိုတာ အလွယ်မသိနိုင်အောင် ကာကွယ်လို့ရပါတယ်။ တက်ကြွသူတွေ လတ်တလော ဆွဲစိမခံရအောင် - (၁) ဖုန်း၊ ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့ ဘယ်ပစ္စည်းမဆို VPN ခံသုံးပါ။ VPN ကို အကြမ်းဖျင်း ရှင်းရရင် တခြားနိုင်ငံ/နေရာတစ်ခုမှာ ရှိတဲ့ ကွန်ပျူတာကနေ အင်တာနက်လှမ်းသုံးတာပါ။ ဖုန်းမှာ VPN ထည့်ထားတယ်ဆိုရင် ဖုန်းနဲ့ VPN ကွန်ပျူတာကြားက လုံခြုံတဲ့ ဒေတာစီးဆင်းမှုတစ်ခုသာရှိပြီး ကိုယ်ရဲ့ ISP က ကြားဖြတ်ဖတ်ယူဖို့ကြိုးစားရင် ကိုယ်ဘာသုံးနေလဲ၊ ကိုယ်ဘယ်သူလဲ၊ ဘာဒေတာတွေလဲဆိုတာ မသိနိုင်ပါဘူး။ (၂) လူသိထားတဲ့ ဖုန်းတွေကို ဆင်းမ်ကဒ်တွေထုတ်ပစ်ပြီး ဆင်းမ်ကဒ်အသစ်လဲပါ။ ဖုန်းနံပါတ်သိရင် triangulation လို့ခေါ်တဲ့ အနီးဆုံး Cell tower သုံးခုရဲ့ နေရာနဲ့ မှန်းပြီး ကိုယ့်ရဲ့နေရာကို အကြမ်းဖျင်း ထောက်လှန်းလို့ရပါတယ်။ ပစ်မှတ်ထားခံရလောက်တဲ့လူတွေရဲ့ ဖုန်းကို ကိုယ့်ရဲ့ဖုန်းအသစ်နဲ့ (ဖုန်းခေါ်ခြင်း၊ SMS ပို့ခြင်း) မဆက်သွယ်ပါနဲ။ ကိုယ့်ဖုန်းနံပါတ်အသစ်ဖြစ်ပေမယ့် စောင့်ကြည့်ခံရတဲ့ စာရင်းထဲပါသွားနိုင်ပါတယ်။ Signal, Telegram စတဲ့

VPN ကျော်ရင် လိုက်ရ ခက်လား

Image
၁) VPN ကျော်တာ GPS ကျော်တာ မဟုတ်ပါ။ IP ပဲ ပြောင်းမှာပါ။ ဒီအတွက် မသိတဲ့ လင့်တွေ မနှိပ်ပါနဲ့။ ဒီကာလမှာ GPS ကို လုံးဝ Disable လုပ်ပြီးပိတ်ထားပါ။ (Grab ငှားဘာညာတော့ ခက်ပါလိမ့်မယ်။ လိုသလို ချိန်ညှိသုံးပါ။) ၂) ဒါဆိုရင် သူတို့ လိပ်စာ မသိတော့ဘူးလား No အဲ့လို မဟုတ်ပါဘူး AGPS ဆိုတဲ့ စနစ် ရှိပါသေးတယ်။ နောက် IMEI နဲ့ပေါင်းရင် SIM ကိုလိုက်တာတင် မဟုတ်တော့ပဲ Handset ကိုလိုက်တာပါ နည်းနည်း အသေးစိတ်ရှိထားတာ အောက်မှာ ဖတ်ပါ။ ကိုကျော်စွာသွင်ဆီက ကူးလာတာ VPN သုံးနေတဲ့သူကို Trace လိုက်ရအတော်ခက်ပါတယ်။ Kyaw Swar Thwin တကယ် Trace လိုက်တာပြောပြပေးမယ် တိုးတိုးနော်။ တစ်နိုင်ငံလုံးသိမ်းထားချိန်မှာ Operator တွေကို ကိုင်တွယ်လို့ရသွားပါပြီ။ ဖုန်းမှာ GPS ပိတ်ထားရင်တောင် Cell Tower တွေကနေ Trace လို့ရပါတယ်။ တာဝါ ၃ တိုင်လောက်တော့လိုတာပေါ့ အဲ့အတွက် ဖုန်းနံပါတ်သိရပါမယ်။ ဥပမာ ကျနော်က 095310123 ဆိုတဲ့နံပါတ်ကိုင်တာ သိသွားတယ်ထားပါတော့။ အဲ့နံပါတ်က ဘယ် Cell Tower မှာချိတ်နေလဲ IMSI နံပါတ်ကို Operator ကနေသိပါတယ်။ Ok ဒါဆို SIM ထုတ်ပီး SIM အသစ်ထည့်သုံးပါမယ်။ နိုးပါ။ ဒါလဲ Trace လို့ရပါသေးတယ်။ Why? ဖုန်းမှာ IMEI ဆိုတာရှိပါတယ်။ 095310123

အာရှမှာကျော်ကြားစပြုလာတဲ့ #MilkTeaAlliance

ဒီအဖွဲ့က ခုတလောလေးမှ နာမည်ကြီးလာတဲ့ အင်တာနက်၊ အထူးသဖြင့် တွစ်တာ(Twitter) ပေါ်က သွေးသောက်အဖွဲ့လေးပေါ့။ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မြန်မာပြည်ပါတယ်။ အားလုံးမှာတူညီတဲ့အချက်က ဗိုလ်ကျချင်တဲ့ တရုတ်ပြည်ကိုမကျေနပ်ကြတဲ့ လူငယ်တွေနဲ့ဖွဲ့စည်းထားတာပါပဲ။ “Milk tea မဟာမိတ်အဖွဲ့” လို့အဓိပ္ပါယ်ရတဲ့အဖွဲ့လေးက နိုင်ငံအားလုံးမှာ တူညီတဲ့ လဖက်ရည်ကိုနို့နဲ့ဖျော်သောက်တဲ့ ဓလေ့လေးကိုအခြေခံအဖြစ်ယူထားတယ်။ တစ်ခါတလေ အိန္ဒိယနိုင်ငံကလဲ မဟာမိတ်အဖွဲ့မှာပါလာလေ့ရှိတယ်။ လဖက်ရည်ကို နို့မထည့်ပဲသောက်တတ်တဲ့ ကွန်မြူနစ်တရုတ်ပြည်ကတော့ ဒီမိုကရေစီမြတ်နိုးတဲ့လူငယ်တွေနဲ့ဖွဲ့ထားတဲ့ Milk Teaမဟာမိတ်တွေရဲ့ ဘုံရန်သူပေါ့။ Milk Tea Alliance အဖွဲ့စပေါ်လာပုံလေးကဒီလို။ ဧပရယ် ၂၀၂၀ မှာ ထိုင်းရော၊ တရုတ်မှာပါလူကြိုက်များတဲ့ ထိုင်းတီဗွီဇာတ်လမ်းတွဲ 2gether ရဲ့မင်းသား ဘရိုက် ဝါရှီရာဝစ် ရှီဗာအာရီ (Bright Vachirawit Chivaaree) က တွစ်တာမှာ ပုံတစ်ပုံတင်ပြီးဟောင်ကောင်ကို ‘နိုင်ငံ’ လို့ခေါ်လိုက်မိရာကစတယ်။ ဟောင်ကောင်ဟာ နိုင်ငံတစ်ခုမဟုတ်ပဲ သူတို့တရုတ်ပြည်လက်အောက်ခံနေရာတစ်ခုအဖြစ်သာလက်ခံထားလို့ ဘရိုက်ရဲ့ ‘ဟောင်ကောင်နိုင်ငံ’ ဆိုတဲ့အသုံးအနှုန်းကိုမကျေမနပ်ဖြ

တူညီလက်ခံ CDM

CDM အစ ဒေးဗစ် သောရိုး (David Thoreau) ကလို့ ပြောရမယ်။ အဲဒီ ပညာရှင်ကြီးက Civil Disobedience လို့ ပြောခဲ့တာဆိုတော့ ပြန်တွက်ရင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ လောက်ကတည်းက မတရားတဲ့ အမိန့်အာဏာဟူသမျှကို နာခံစရာမလို၊ ဖီဆန်ဖို့ စတင်အသိပေးခဲ့သူလို့ ဂုဏ်ပြုနိုင်ပါတယ်။ ဒီမိုကရေစီ အောင်မြင်ချင်ရင် မတရားတဲ့အမိန့်တွေကို အာဏာရှင်ဆန်ဆန် ထိုင်ထုတ်နေလို့မရဘူး။ လူ့အခွင့်အရေးမှန်သမျှ ပိတ်ပင်နေရင် ဒီမိုကရေစီလို့ပြောတာ ခွေးပါးစပ်က နတ်စကားထွက်ဆိုတာလို ဖြစ်နေမှာပဲ လွတ်လပ်စွာ ထုတ်ဖော်ခွင့် လွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ဆန္ဒပြပြီး မကျေနပ်တာတွေကို ဖော်ပြခွင့်တွေမရှိရင် လွတ်လပ်စွာ ပြည်သူ့ရင်ထဲက ဆန္ဒရှိတဲ့ ထုတ်ဖော်ပြောဆိုနေတာတွေကို လက်မခံရင်၊ အလေးမထားရင်၊ ဆန့်ကျင်ရင်၊ သေနတ်နဲ့ပစ်နေရင် ... အဲဒါ “အာဏာရှင်” ဂျွန်‌ရောလ် (John Rawls) ဆိုသူကလည်း ၁၉၇၁ ခုနှစ်မှာ “ပြည်သူသည် အကြမ်းမဖက်သောနည်းအားဖြင့် နိုင်ငံရေးအရ ယုံကြည်ချက်ကို လက်ကိုင်ထားပြီး၊ ဥပဒေတစ်ခုကို ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် အစိုးရတစ်ရပ်ကို ပြောင်းလဲဖို့အတွက် မတရား ထုတ်ပြန်ထားတဲ့ အမိန့်အာဏာတွေကို ဖီဆန်တာဟာ တရားတယ်” လို့ ဆိုခဲ့ပါတယ်။ “အာဏာ

ညကင်း လုံခြုံရေးနှင့် ရန်သူ့ တန်ပြန်ရေး

Image
9PM ဆိုတာနဲ့ စလုပ်သင့်တယ် မနေ့က Live Video တစ်ခုကြည့်လိုက်တာ CDM ဦးဆောင် ဆရာမတစ်ယောက်ကို ရဲကား ၂ စီး စစ်ကား ၆ စီးနဲ့ အင်အားအပြည့် လာဖမ်းတာပါ ဆရာမက ရှောင်နေလို့ မပါသွားပေမယ့် အဲ့လောက် ရဲသားအင်အား စစ်သားအင်အားကြောင့် ရပ်ကွက်ထဲကလူတွေ သံပုံးမတီးရဲ ဝိုင်းမလာရဲပါဘူး အဲ့ဒါ နောက်ရက်တွေမှာလည်း အင်အားအပြည့်နဲ့ လာဖမ်းနိုင်ပါတယ် အဲ့လောက် အင်အားနဲ့ လာဖမ်းတဲ့အခါ ရပ်ကွက်က ဝန်းရံပေးဖို့ မဖြစ်နိုင်ပါဘူး အဲ့ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ သူတို့က ကျွန်တော်တို့ကို ညမထွက်ရ အမိန့်ထုတ်ထားပါတယ် ဒါပေမယ့် ညဘက် လမ်းပေါ်မှာ ကားတွေနဲ့ ပတ်နေတာ 99.99% က သူတို့ ရဲနဲ့ စစ်သားတွေပါပဲ အဲ့စစ်ကား ၆ စီးနဲ့ လာဖမ်းမှာကို ရပ်ကွက်က မဝန်းရံနိုင်ရင် အဲ့စစ်ကား ၆ စီးကို ရပ်ကွက်ထဲ ရောက်မလာအောင်လုပ်ရပါမယ် အဆင့် 1. ညဘက်ဆိုရင် လမ်းပေါ်မှာ အုတ်ခဲ သို့မဟုတ် သစ်သားတုံးတွေ တင်ထားပါ ... မောင်းရတာ အနှောင့်အယှက်ဖြစ်ပြီး ခရီး သိပ်မတွင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ် အဆင့် 2. သစ်သားပြား သို့မဟုတ် ဝါးခြမ်းပြားပေါ် သံချွန်ရိုက်ပြီး လမ်းပေါ်သံထောင်ထားပါ ... ဖြတ်မောင်းတဲ့အခါ ဘီးပေါက်မှာပါ အဆင့် 3. လိမ္မော်သီး သို့မဟုတ် ငှက်ပျောသီးထဲမှာ သံတွေစိုက်ထားပ

မကြောက်ပါနဲ့ အကာအကွယ်ယူပါ

Image
ရပ်ကျေးကို အသည်းအသန် လုပ်နေတာ သတင်းပေးမွေးပြီး cdm ကို တိတ်တဆိတ် ဆွဲဖို့ပါ။ လူထုကလည်း နပ်တော့ ရပ်ကျေးတည်မရအောင် လုပ်တယ်။ ရပ်ကျေးတည်မရရင် ဖြတ်လေးဖြတ်မှာ သတင်းဖြတ်ခံရသလို ဖြစ်တယ်။ online သတင်းက အပြန်အလှန် psywar လွှတ်တော့ သူတို့လည်း မယုံရဲဘူး။ အရင် ဘရွေခေတ်က ဖုန်းဆက်တိုင်ရင် ဖုန်းကိုင်နိုင်တဲ့လူတန်းစား သက်သက်ရှိတော့ ဖုန်းဆက်သတင်းပေးတာတောင် အားကိုးလို့ ရသေးတယ်။ အခုက မူကြိုကျောင်းက ကလေးတောင် ဖုန်းရှိတော့ prank call တွေနောက်လိုက်ရင် ဆော်ဒီက ရေနံတွင်းသာ ခမ်းသွားမယ်။ ဒီတော့ တာမွေ မှာ သာလွန်အင်အားသုံးပြီး အတင်းတည်ပြတယ်။ သူတို့အတွက် ခက်နေတာက...လူထုအတွက်က အဖြေရှိနေတာပါ ################ အုပ်ကြီး ကို ရဲတွေကာဗာလာပေးရင် လွှတ်ထားလိုက် သူတို့ပြန်မှ ပြန်မောင်းထုတ် ချိတ်ပိတ် နောက်နေ့ပြန်လာဖွင့်လဲ ဖွင့်ပါစေ ပြီးပြန်ပိတ် နေ့တိုင်း ရပ်ကွက်တိုင်းဆို နောက်ခေါ်ရင်တောင် မလာနိုင်တော့ဘူး ထိပ်တိုက်မတွေ့နဲ့ ရှောင်ပေးလိုက် ဆန္ဒပြတဲ့ပုံ သွားမလုပ်ပြနဲ့ YGN တိုင်းတတိုင်းလုံး ရှိသမျှ ရပ်ကွက်ရုံးတိုင်းကို သူတို့လိုက်ကာကွယ်မပေးနိုင်ဘူး ခွေးဆွဲမခံနဲ့။

Tear Gas မျက်ရည်ယိုဗုံး အကြောင်း

  အဲ့ဒါက အငွေ့မဟုတ်ဘူး.. အမှုန့်တွေ.. အဲ့ဒါကြောင့် သူက အငွေ့လိုအလွယ်မပျောက်သွားဘဲ နှာခေါင်းထဲ ဝင်ရင် အကြာကြီး အသက်ရှူရခက်နေတတ်တယ်.. အသားပေါ်ထိရင် စပ်ဖျင်းနေတယ်. မျက်လုံးထဲဝင်သွားရင် နေရခက်ပြီး နာနေတယ်.. လည်ချောင်းထဲတွေပါ နာနေ ပူနေတယ်.. . // အဲ့ဒါကြောင့် အကျီ ၂ ထပ်ဝတ်ထားဖို့ ပြောကြတယ်.. မျက်ရည်ယိုဗုံးထိထားတဲ့ အပေါ်က အကျီတစ်ထပ်ကို ချွတ်ပစ်လို့ရအောင်.. မဟုတ်ရင် အပေါ်အကျီမှာကပ်နေတဲ့ အမှုန်လေးတွေကို ထပ်ထပ် ရှူမိနေမှာစိုးလို့.. . //ထိပြီးရင် mask တွေကို ချက်ချင်းဖယ်ပစ်ရတယ်.. ထိထားတဲ့ အသားတွေ မျက်နှာ မျက်လုံး စတာတွေကို ရေအေးအေးနဲ့ နိုင်နိုင်ဆေးရတယ်.. တချို့ကလည်း မျက်နှာပေါ် မျက်လုံးထဲတွေ နို့အေးအေးနဲ့ လောင်းရင်သက်သာတယ်ပြောတယ်.. ဘေဘီရှန်ပူလို အပျော့စား ဆပ်ပြာနဲ့ အသားကို ပွတ်တိုက်ဆေးပစ်နိုင်ရင်တော့ အကောင်းဆုံးပဲမို့ ဘေဘီရှန်ပူ ဗူးလေးတွေ အိတ်ထဲ ဆောင်ထားကြပါ.. အိတ်ထဲမှာ ရေဗူးတဗူး အမြဲရှိပါစေ.. အိတ်ကို ကျောပိုးအိတ် ကျောမှာကပ်နေတဲ့ဟာမျိုး လွယ်ပါ.. . // gas mask ဝတ်ထားတာတော့ စိတ်အချရဆုံးပဲ.. မရှိရင်တောင် မျက်စိကာစေတဲ့ safety google တွေ ဝတ်ထားကြပါ.. အထူးသဖြင့် ရှေ့ဆုံးကနေ နေမယ့် နင်ဂျာတွေပေါ့.. (တဆက်

Facebook မှာ post တင်တဲ့ အခါ

Image
ကမ္ဘာလုံးပုံကြီးနဲ့ ကိုယ်ဘယ်နားပုန်းနေမှန်း သိသာစေတဲ့ဓာတ်ပုံတွေနဲ့ ဟောဒီမှာပိတ်မိနေပါတယ် လို့ မလုပ်ကြပါနဲ့။ အင်တာနက်ကြီးသည် ဘုရားသခင်မဟုတ်ပါ။ သင့်ကိုဘယ်သူမှ အက်ရှင်ကားကြည့်သလို ပေါက်ပေါက်စားကြည့်နေတာ မဟုတ်ပါ။ မိမိနှင့် ယုံကြည်ရတဲ့သူတွေကို အချိတ်ဆက်မိထားပါစေ။ သူငယ်ချင်း မိတ်ဆွေ အဖော်တွေသိအောင် လုံလည်းလုံခြုံအောင် စီမံပါ။ အနည်းဆုံးအကောင့်ရှင်းပြီး လူရင်းပဲသိအောင်လုပ်ပါ။ လွတ်မြောက်ပြီးမှ အက်ရှင်ဝတ္ထုပြန်ရေးကြပါ။ ဒီအကြောင်းကို နောက်တစ်ခါမရေးတော့ဘူး.. ဒီတစ်ခါပဲရေးမယ်.. ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်တော်ရေးမယ့်အကြောင်းအရာကို ဟိုဘက်က သိသွားတာမျိုး မဖြစ်စေချင်လို့.. ဟင်.. ဒါဖြင့်ရင် ဘာလို့ရေးမှာလဲလို့မေးစရာရှိတယ်.. ဟုတ်ကဲ့.. အခုလက်ရှိအခြေအနေအရ ဒီကိစ္စကို ကိုယ့်ဘက်ကလူတွေထက် ဟိုဘက်ကလူတွေက ပိုသိနေနှင့်ပြီးဖြစ်တာကြောင့် ရေးတာပါ.. သူတို့ဘက်က ပိုသိပြီး ပိုကျင့်သုံးနေတဲ့ လျှို့ဝှက်ချက် ဆိုပါတော့လေ.. ................................. အခု ရဲမေ တစ်ယောက်ရဲ့ ဗီဒီယိုဖိုင် ကြည့်လိုက်ရတယ်မလား.. သူ ပါးရိုက်တာမဟုတ်ပါဘူး ဆိုပြီး လိုက်ရှင်းပြထားတာလေ.. ကြည့်ရတော့ အားတက်တဲ့ခံစားချက်ဖြစ်ရတယ် ဟုတ်? ဘာဖြစ်လို့ အားတက်တ

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

Image
အင်္ကျီကို သွားလာလှုပ်ရှားလို့ကောင်းတဲ့ အဝတ်အစား ၂ထပ်ဝတ်သွားပါ။ ပြေးလို့ကောင်းသော ဖိနပ်မျိုးဝတ်ပါ။ ဦးထုပ် အမာဆောင်းပါ ။ ရေဘူး လွယ်လွယ်ကူကူ‌ နေရာမှာ အမြဲထားပါ။ အဝတ်စ/မျက်နှာသုတ်ပုဝါ အ‌သေးဖြစ်ဖြစ် အဆင်သင့် ဆောင်ထားပါ။ မျက်ရည်ယိုဗုံး သုံးခဲ့ရင် ရေဆွတ်ပြီးနှာခေါင်းပေါ်အုပ်ထားပါ။ diclo spray/ vortex spray/air freshener/ ခြင်ဆေးဗူး/ alcohol spray / ငရုတ်ရည်ဖျော် spray ဗူးများ လက်လှမ်းမီရာ အလွယ်တကူဆောင်ထားပါ ။ (ရဲမှာ မျက်လုံးအကာ goggles မရှိပါ) ဖုန်းကို သင်္ကြန်မှာလုပ်သလို ရေစိုခံအိပ်ထဲထည့်ပါ။ ကိုယ့်ဘေးက လူတွေကို အမြဲသတိရှိပါ။ သူလျှို၊ ဒလန်တွေ ရှိနေသလား ဆန်းစစ်ပါ။ ---------------------------- အကယ်၍ မျက်ရည်ယိုဗုံးထိခဲ့လျှင် အသေးစိတ် မျက်ရည်ယိုဗုံးသည် အငွေ့ (smoke) မဟုတ်ပါ ။ အမှုန်အမွှားလေးတွေ (particles) ဖြစ်သည်။ ၁) အကယ်၍ ထိတွေ့ခဲ့လျှင် မိမိလက်ဖြင့် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မထိပါနဲ့ ။ လက်နဲ့မျက်နှာကို လုံးဝမထိပါနဲ့။ အမှုန်ဖြစ်သောကြောင့် သင့်လက်နှစ်ဖက်အား ငှက်ပျံသလို ခါချပါ။ ပြီးမှ ကိုင်တွယ်ပါ။ ၂) အဝတ်စ/မျက်နှာသုတ်ပုဝါ အ‌သေးဖြစ်ဖြစ် အဆင်သင့် ဆောင်ထားပါ။ မျက်ရည်ယိုဗုံး သုံးခဲ့ရင် ရ

၂၇ ရက်နေ့ အတွက် ဗျူဟာ

တကယ်တော့ ဒီအမှာစာဟာ GSC (general strike comittee)ကပြောသင့်တာပါ သပိတ် စစ်ကြောင်းတွေ လူစု ​ပြီးတဲ့အခါ စမထွက်ခင် ဆုတ်ခြင်း တက်ခြင်း အတွက် အသေအချာ စီစဥ်သင့်ပါတယ် အကြံပြုရရင် ဝီစီ ပါပဲ ဥပမာ တချက်မှုတ်ရင် ချီတက် သံရှည် ဆွဲရင် ဆုတ် စသဖြင့်ပေါ့ကိုယ့်အထာနဲ့ကိုယ် နောက်တချက် ဆုတ်မယ်ဆိုရင် ရှေ့ဆုံးတပ်ဦးက ဒိုင်း*ကာ စပရေးဘူးကိုင်ပြီး ကာပေးမယ် နောက်တန်းကလူတွေက မှန်မှန် ဆုတ်မယ် နောက်တချက် စစ်ကြောင်းက ဘယ်ကိုသွားမယ် ဘာလုပ်မယ် အတားအဆီးနဲ့ကြုံရင်ဘာလုပ်မယ် ဆိုတာ ကြို ညှိထားသင့်ပါတယ်။ အရိုက်ခံရရင် ငြိမ်ခံမယ် ဆိုရင် ငြိမ်ခံမယ့်သူတွေချည့်သပ်သပ် တကြောင်းသွားသင့်ပါတယ်။ ပြန်ပြီးခုခံမယ် တီးမယ် ဆော်လဘန်တေမယ်ဆိုသူက သပ်သပ်သွားတာပိုကောင်းမယ်ထင်ပါတယ်။ ရန်ရှာဖို့လုံးဝ မဟုတ်သလို လုပ်သမျှ ငြိမ်ခံဖို့လည်းမဟုတ်ပါ။ အဲ့လို အကြမ်းဖျဥ်း မစီစဥ်နိုင်ရင် တော့ဝမ်းနည်းစရာ တွေမြင်ရတတ်ပါတယ်။ ရဲတွေဟာ တယောက် နှစ်ယောက် ပဲဖြစ်ပါစေ သူတို့မူလ အထိုင်ကနေ တနေရာကိုရွှေ့ပြီဆိုတာနဲ့ သတိထားပါတော့။ နောက်တချက် မလိုအပ်တဲ့ စကားတွေပြောနေတာ ဟာ စိတ်ကိုပျံ့လွင့်စေတယ်လို့ထင်ပါတယ် ခွေးတွေအစာချောင်းနေပြီ ဘာညာ စသဖြင့်ပေါ့ဗျာ။ ပထမနေ့တွေထက် နောက်ပိုင်း ဒိုင်း