၂၇ ရက်နေ့ အတွက် ဗျူဟာ
တကယ်တော့ ဒီအမှာစာဟာ
GSC (general strike comittee)ကပြောသင့်တာပါ
သပိတ် စစ်ကြောင်းတွေ လူစု ပြီးတဲ့အခါ စမထွက်ခင်
ဆုတ်ခြင်း တက်ခြင်း အတွက် အသေအချာ
စီစဥ်သင့်ပါတယ်
အကြံပြုရရင် ဝီစီ ပါပဲ
ဥပမာ
တချက်မှုတ်ရင် ချီတက်
သံရှည် ဆွဲရင် ဆုတ်
စသဖြင့်ပေါ့ကိုယ့်အထာနဲ့ကိုယ်
နောက်တချက်
ဆုတ်မယ်ဆိုရင်
ရှေ့ဆုံးတပ်ဦးက ဒိုင်း*ကာ
စပရေးဘူးကိုင်ပြီး
ကာပေးမယ်
နောက်တန်းကလူတွေက မှန်မှန် ဆုတ်မယ်
နောက်တချက်
စစ်ကြောင်းက ဘယ်ကိုသွားမယ် ဘာလုပ်မယ်
အတားအဆီးနဲ့ကြုံရင်ဘာလုပ်မယ် ဆိုတာ ကြို ညှိထားသင့်ပါတယ်။
အရိုက်ခံရရင်
ငြိမ်ခံမယ်
ဆိုရင် ငြိမ်ခံမယ့်သူတွေချည့်သပ်သပ် တကြောင်းသွားသင့်ပါတယ်။
ပြန်ပြီးခုခံမယ် တီးမယ်
ဆော်လဘန်တေမယ်ဆိုသူက သပ်သပ်သွားတာပိုကောင်းမယ်ထင်ပါတယ်။
ရန်ရှာဖို့လုံးဝ
မဟုတ်သလို လုပ်သမျှ ငြိမ်ခံဖို့လည်းမဟုတ်ပါ။
အဲ့လို အကြမ်းဖျဥ်း မစီစဥ်နိုင်ရင် တော့ဝမ်းနည်းစရာ တွေမြင်ရတတ်ပါတယ်။
ရဲတွေဟာ တယောက်
နှစ်ယောက်
ပဲဖြစ်ပါစေ သူတို့မူလ အထိုင်ကနေ တနေရာကိုရွှေ့ပြီဆိုတာနဲ့ သတိထားပါတော့။
နောက်တချက်
မလိုအပ်တဲ့ စကားတွေပြောနေတာ ဟာ စိတ်ကိုပျံ့လွင့်စေတယ်လို့ထင်ပါတယ်
ခွေးတွေအစာချောင်းနေပြီ ဘာညာ စသဖြင့်ပေါ့ဗျာ။
ပထမနေ့တွေထက် နောက်ပိုင်း ဒိုင်းကိုင်လာတဲ့နေ့တွေမှာသူတို့အရမ်းမလာရဲတော့တာကို
ကိုယ်တိုင် ဒိုင်းကိုင်ပြီးဆိုင်ခဲ့သူကပြောပြပါတယ်။
သေနတ်နဲ့ပစ်တယ်ဆိုတဲ့ကိစ္စ
ဒါကတော့ ပစ်ခြင်း မပစ်ခြင်းဟာ သူတို့နဲ့ပဲဆိုင်တဲ့ကိစ္စပါ
ကိုယ်က ရင်ဆိုင်ရဲလို့ ကြောက်စိတ်ဖယ်လို့ လမ်းပေါ်မယ် ဘာမထီစိတ်နဲ့ တက်ခဲ့ပြီပဲ
အဲ့အပိုင်းကို တွေးမနေပါနဲ့။
လုပ်လို့ရတာတခုက ကျောပိုးအိတ်ကိုရှေ့မှာလွယ်
အိတ်ထဲကို သံပြား
စတီးပြား စသဖြင့်
တချို့လည်း ဗလာစာအုပ်ထည့်ကြတာ တွေ့မိပါတယ်။
နောက်တချက်
ဘေးကနေ ကတ်
ဦးထုပ် နောက်ပြန်ဆောင်း
တဲ့
လူယုတ်မာတွေ ကိစ္စ
အထူးသတိပြုရမှာပါ။
အဲ့ကောင်တွေဟာ ရဲထက်ပိုကြောက်စရာပါ။
ဘာကြောင့်လဲဆို ကိုယ့်သပိတ်စစ်ကြောင်းရဲ့ စုဖွဲ့မှုကို ထွေပြား ဝေဝါး ဖရိုဖရဲဖြစ်စေနိုင်လို့ပါ။
ဘယ်လိုလုပ်သင့်လဲ ဆိုတာကတော့ စစ်ကြောင်းရဲ့ ဘေး နှစ်ဖက်ကနေ အရံ လူ အနည်းဆုံး ငါးယောက်တစု
အစု တွေနဲ့ ရံပြီးမျက်ခြေမပြတ်ကြည့်သင့်ပါတယ်။
ဘာလုပ်သင့်သလဲကတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြပါ။
ရဲက ဒုန်းဒုန်းဒုန်း...ဒိန်း
ဆိုပြီး တက်လာရင်
ဘယ်လိုလုပ်မလဲ
ဘာလုပ်မလဲဆိုတာကိုပါ
ပြင်ဆင်ထားကြစေလိုပါတယ်
အခုဟာက
ရဲဘော်တို့ကို
ဥာဏ်မီသမျှ စဥ်းစားမိသမျှ
အကြံပြုတာပါ။
ယူလိုကယူ
မယူလိုကပယ်လိုက်ပါ။
သင်တို့ရဲ့
ရွှေ့ပြောင်းကူလီခေါင်း။
Comments
Post a Comment