Tear Gas မျက်ရည်ယိုဗုံး အကြောင်း

 အဲ့ဒါက အငွေ့မဟုတ်ဘူး.. အမှုန့်တွေ.. အဲ့ဒါကြောင့် သူက အငွေ့လိုအလွယ်မပျောက်သွားဘဲ နှာခေါင်းထဲ ဝင်ရင် အကြာကြီး အသက်ရှူရခက်နေတတ်တယ်.. အသားပေါ်ထိရင် စပ်ဖျင်းနေတယ်. မျက်လုံးထဲဝင်သွားရင် နေရခက်ပြီး နာနေတယ်.. လည်ချောင်းထဲတွေပါ နာနေ ပူနေတယ်..

.
// အဲ့ဒါကြောင့် အကျီ ၂ ထပ်ဝတ်ထားဖို့ ပြောကြတယ်.. မျက်ရည်ယိုဗုံးထိထားတဲ့ အပေါ်က အကျီတစ်ထပ်ကို ချွတ်ပစ်လို့ရအောင်.. မဟုတ်ရင် အပေါ်အကျီမှာကပ်နေတဲ့ အမှုန်လေးတွေကို ထပ်ထပ် ရှူမိနေမှာစိုးလို့..
.
//ထိပြီးရင် mask တွေကို ချက်ချင်းဖယ်ပစ်ရတယ်.. ထိထားတဲ့ အသားတွေ မျက်နှာ မျက်လုံး စတာတွေကို ရေအေးအေးနဲ့ နိုင်နိုင်ဆေးရတယ်.. တချို့ကလည်း မျက်နှာပေါ် မျက်လုံးထဲတွေ နို့အေးအေးနဲ့ လောင်းရင်သက်သာတယ်ပြောတယ်.. ဘေဘီရှန်ပူလို အပျော့စား ဆပ်ပြာနဲ့ အသားကို ပွတ်တိုက်ဆေးပစ်နိုင်ရင်တော့ အကောင်းဆုံးပဲမို့ ဘေဘီရှန်ပူ ဗူးလေးတွေ အိတ်ထဲ ဆောင်ထားကြပါ.. အိတ်ထဲမှာ ရေဗူးတဗူး အမြဲရှိပါစေ.. အိတ်ကို ကျောပိုးအိတ် ကျောမှာကပ်နေတဲ့ဟာမျိုး လွယ်ပါ..
.
// gas mask ဝတ်ထားတာတော့ စိတ်အချရဆုံးပဲ.. မရှိရင်တောင် မျက်စိကာစေတဲ့ safety google တွေ ဝတ်ထားကြပါ.. အထူးသဖြင့် ရှေ့ဆုံးကနေ နေမယ့် နင်ဂျာတွေပေါ့.. (တဆက်ထဲ ပြောရရင် သူတို့က ဖိုက်တာတွေမဟုတ်ဘူးနော်.. ဒဲ့တွေ့ပြီး လူချင်းချရတာမဟုတ်ဘူး.. ခေါ်ကတည်းက နင်ဂျာလို့ခေါ်တာ.. ဆုတ်လိုက် ခွာလိုက် အခြေအနေကြည့်လိုက်နဲ့ ပျောက်ကြားပုံစံသွားဖို့ပဲ)..
.
// အကောင်းဆုံးကတော့ နှာခေါင်းနဲ့မျက်နှာကို စည်းမယ့် အဝတ်တွေ (ဖုပန်ဒါသမားတွေသုံးလို လုံးစွပ် အဝတ်အပျော့တွေဆိုကောင်း).. အဲ့ဒါတွေကို ရေစွတ်ထားတာ ကိုကာကိုလာ စိမ်ထားတာမျိုး လုပ်ပါ.. အဲ့လို စိမ်ထားတာက ဝင်လာမယ့် အမှုန်တွေကို ပိုပြီး အားပျော့စေပါတယ်..
.
// မိတ်ကပ်တွေ မျက်လုံးခြယ်တာတွေ မျက်ကပ်မှန်တွေ မတပ်ပါနဲ့.. မျက်လုံးအောက်နား သွားတိုက်ဆေးသုတ်တာကလည်း gas ကြောင့် ကျိန်းစပ်နေတဲ့ မျက်လုံးကို နည်းနည်း သက်သာစေတယ်လို့ ပြောကြပါတယ်..
.
// tear gas က မြေပြင်မှာ ပိုနေပါတယ်.. tear gas ပစ်ရင် ငုံ့လျှိုးမပြေးပါနဲ့... ပိုပြီး အမှုန်တွေ ဝင်လာချေများတယ်..
.
// ဟောင်ကောင်မှာတော့ tear gas တွေနဲ့ ရာဘာကျည်တွေ ပေါဌေးလောဌေး ပစ်ကြလို့ ရှေ့တန်းက safety gear အပြည့်ဝတ်ထားတဲ့ နင်ဂျာတွေက လာသမျှ မျက်ရည်ယိုဗုံးတွေကို တင်းနစ်ဘက်တန်နဲ့ ရဲတွေဘက် ပြန်ရိုက်ထုတ်တာတို့.. ရာဘာလက်အိတ်နဲ့ ပြန်ကောက်ပြီး သူတို့ဘက်ပစ်တာတို့.. နောက်တန်းဘက်ကလည်း ကျလာသမျှ ဗုံးတွေကို လမ်းပေါ်ချတဲ့ တြိဂံအချွန်နဲ့ အုပ်တာတို့ လုပ်ကြတယ်..(သူတို့လုပ်တာ ပြောပြတာ.. ကိုယ်တွေကတော့ အခြေအနေမတူလို့ အဲ့လို ရချင်မှရမယ်)
.
// အရမ်း မကြောက်မလန့်ပါနဲ့.. ဉာဏ်သုံးပြီး သတိထားပါ.. ကိုယ့်အခြေအနေကိုယ်သိပြီး ကြိုတွက်ထားပါ.. ဘယ်အသံက tear gas ဘယ်အသံက sound bomb ဘယ်အသံက live rounds ကျည် အသံလဲ သိထားရင်တော့ ပိုကောင်းပါတယ်..
.
၂၈ ရက်နေ့ လမ်းပေါ်ဆုံကြပါစို့..
အရေးတော်ပုံ....... ........ !!!!

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။