သပိတ်မှာ ဆောင်ရန် ရှောင်ရန်

🔸အင်္ကျီကို သွားလာလှုပ်ရှားလို့ကောင်းတဲ့ အဝတ်အစား ၂ထပ်ဝတ်သွားပါ။
🔸ပြေးလို့ကောင်းသော ဖိနပ်မျိုးဝတ်ပါ။
🔸ဦးထုပ် အမာဆောင်းပါ 👷
🔸ရေဘူး လွယ်လွယ်ကူကူ‌ နေရာမှာ အမြဲထားပါ။
🔸အဝတ်စ/မျက်နှာသုတ်ပုဝါ အ‌သေးဖြစ်ဖြစ် အဆင်သင့် ဆောင်ထားပါ။ မျက်ရည်ယိုဗုံး သုံးခဲ့ရင် ရေဆွတ်ပြီးနှာခေါင်းပေါ်အုပ်ထားပါ။
🔸diclo spray/ vortex spray/air freshener/ ခြင်ဆေးဗူး/ alcohol spray / ငရုတ်ရည်ဖျော် spray ဗူးများ လက်လှမ်းမီရာ အလွယ်တကူဆောင်ထားပါ ။
(ရဲမှာ မျက်လုံးအကာ goggles မရှိပါ)
🔸ဖုန်းကို သင်္ကြန်မှာလုပ်သလို ရေစိုခံအိပ်ထဲထည့်ပါ။
🔸ကိုယ့်ဘေးက လူတွေကို အမြဲသတိရှိပါ။
သူလျှို၊ ဒလန်တွေ ရှိနေသလား ဆန်းစစ်ပါ။
----------------------------
အကယ်၍ မျက်ရည်ယိုဗုံးထိခဲ့လျှင် အသေးစိတ်
မျက်ရည်ယိုဗုံးသည် အငွေ့ (smoke) မဟုတ်ပါ ။
အမှုန်အမွှားလေးတွေ (particles) ဖြစ်သည်။
၁) အကယ်၍ ထိတွေ့ခဲ့လျှင် မိမိလက်ဖြင့် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မထိပါနဲ့ ။
လက်နဲ့မျက်နှာကို လုံးဝမထိပါနဲ့။
အမှုန်ဖြစ်သောကြောင့် သင့်လက်နှစ်ဖက်အား ငှက်ပျံသလို ခါချပါ။ ပြီးမှ ကိုင်တွယ်ပါ။
၂) အဝတ်စ/မျက်နှာသုတ်ပုဝါ အ‌သေးဖြစ်ဖြစ် အဆင်သင့် ဆောင်ထားပါ။ မျက်ရည်ယိုဗုံး သုံးခဲ့ရင် ရေဆွတ်ပြီးနှာခေါင်းပေါ်အုပ်ထားပါ။
၃) Tear Gas အငွေ့ရှိရာ/ထွက်ရာ အရပ်နှင့် ဆန့်ကျင်ဘက်ကိုပြေးပါ။ (လွင့်လာမည့် အမှုန်ဖြစ်သောကြောင့် တတ်နိုင်လျှင် လေကြောင်းသင့်ရာကို မပြေးပါနှင့်။ )
၄) ရေဖြင့် ပလုတ်ကျင်းပြီး ‌ထွေးထုတ်ပါ။ ထိုရေကို မြိုမချရ။
၅) အဝတ်အစား အပေါ်တစ်ထပ်ကို ချွတ်ပစ်ပါ။ အဝတ်ပေါ်တွင် အမှုန်များရှိနေပါသည်။ ချွတ်လျှင် လည်ပင်းကစချွတ်ပါ။ အောက်ကလှန်မချွတ်ပါနဲ့။
မျက်နှာကို ထပ်မထိပါစေနဲ့။
၆) Tear Gas မထိထားသူ တစ်ယောက်က လက်အိတ်ဝတ်ကာ မျက်စိဆေးပေးပါ။
၇) လူ့အသားအရေ Tear Gas ထိထားလျှင် ဆပ်ပြာအသုံးပြုကာ ရေသန့်ဖြင့် ဆေးကြောပါ။ (Tear Gas မထိထားသူက ဆေးပေးရပါမယ်)
၈) ချောင်းဆိုးပါလိမ့်မည်။ မစိုးရိမ်ပါနဲ့။ မြေကြီးပေါ်မျက်နှာမူကာ မျက်ရည်၊ နှာရည်များ ထုတ်လိုက်ပါ။ မျက်စိအား ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ပါ။
(အဲလိုဖြစ်တာတွေက သက်သာမှုရမှာပါ)
Tear Gas ထိလျှင် ၁၀မိနစ်ကနေ မိနစ်၆၀ထိ ခံစားရနိုင်ပါတယ်။ တချို့သူများက နောက်နေ့အထိ ခံစားရနိုင်ပါတယ်။
ဒီစာကိုသေချာဖတ်ပြီး အချင်းချင်းမျှဝေပေးပါ
အရမ်းအရေးကြီးပါတယ်။
အရေးတော်ပုံအောင်မြင်ရမည်။

Comments

Popular posts from this blog

20 march 2021

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။