Posts

Showing posts from March, 2021

How to poison(Part I)

ကျွန်တော်လက်တွေ့လုပ်ဖူးတဲ့ ဓာတုအဆိပ်တွေအကြောင်း တစေ့တစောင်းလေးပါ။အခုကာလမှာ  မြှားတွေ ဒူးလေးတွေ ဂျင်ကလိတွေစတဲ့ လက်နက်တွေလုပ်ကြတယ် အဲ့တော့ ရန်သူကိုအထိနာစေဖို့ မြှားထိပ်မှာ အဆိပ်လူးကြမယ်။အနီးအနားက ရရှိနိုင်တယ့်အဆိပ်တွေနဲ့ အိမ်မှာ အဆိပ်ကို ကိုယ်တိုင်လုပ်နည်းတွေပါ လိုရင်းတိုရှင်း ဖော်ပြပေးလိုက်ပါတယ်... ၁။ပိုတက်(ရှ်)(Potassium Cyanide )        Cyanideအဆိပ်ကိုတော့ စုံထောက်ဝတ္ထုတွေ၊ရုပ်ရှင်ဇာတ်ကားတွေမှာ မြင်ဖူးမှာပါ။သူ့ရဲ့ လူတစ်ယောက်ကို သေစေနိုင်တဲ့ပမာဏကတော့ 500mg ဆေးပြားတစ်ပြားစာပါ။သူ့ကို ဘယ်မှာဝယ်နိုင်လဲဆိုတော့ ပရဆေးဆိုင်တွေမှာ အလွယ်တကူ စျေးပေါပေါနဲ့ဝယ်ယူနိုင်ပါတယ်။ခွေးတွေကို အဆိပ်ပစ်တယ်ဆိုတာ Cyanideကို အမဲသားနဲ့နယ်ပြီး ကျွေးလိုက်တာပါ။ပိုတက်(ရှ်)လို့ပြောဝယ်လို့ရပါတယ်။သူ့ကို အပင်အားတိုးဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။မြှားဆိပ်အဖြစ် အသုံးပြုမယ်ဆိုလျှင် မသေနိုင်ရင်တောင်  ပမာဏနည်းနည်းကို အချိန်ကြာကြာထိတွေ့မယ် အသားထဲဝင်မယ် ဆိုရင်(Chronic exposure) ခေါင်းကိုက်တာတွေ မူးဝေတာတွေ နှလုံးခုန်မမှန်တာတွေဖြစ်လာနိုင်ပါတယ်....သူ့အရသာက အရမ်းခါးတာမို့ အစားအစာတွေထဲထည့်ပြီး အဆိပ်ခတ်မယ်ဆို  ကော်ဖီက အကောင်းဆုံးပါ....

အာဏာသိမ်းရင် ဘာဖြစ်မလဲ

 “တပ်မတော်က အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရဘူး” ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၆ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲနောက်ပိုင်း ပြည်သူတွေကြားမှာ တပ်မတော်ကအာဏာသိမ်းမှာလားဆိုတဲ့ အကြောင်းအရာက တော်တော်ဂယက်ထလာပါတယ်။ ဒီစာမှာတော့ တပ်မတော်က အာဏာသိမ်းရင် ဘာဖြစ်မလဲ၊ အာဏာသိမ်းလိုက်ရင် ဘယ်သူတွေ အကျိုးရှိပြီး ဘယ်သူတွေဒုက္ခရောက်မလဲ ဆိုတာကို တင်ပြသွားမှာပါ။   အာဏာသိမ်းရင် ဘယ်လို တုံ့ပြန်လာကြမလဲ? တပ်မတော်က အာဏာသိမ်းလိုက်ပြီဆိုရင် ဖြစ်လာနိုင်ချရှိတဲ့ တုံပြန်မှုသုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ ပြည်သူလူထုအများစုရဲ့ တုန့်ပြန်မှုပါ။  ၁၉၈၈ ဒီမိုက​ရေစီအ​ရေး​​တော်ပုံက ရခဲ့တဲ့ သင်ခန်းစာအရ ပြည်သူလူထုဟာ ယ​နေ့အချိန်ခါမှာ နိုင်ငံ​ရေးအသိသာမက နိုင်ငံ​ရေးသတိကြီးလာကြပြီဖြစ်ပါတယ်။ ဒီနိုင်ငံ​ရေးသတိ​ကြောင့်ပဲ ယ​နေ့အချိန်ကာလ ​တွေ့ ကြုံ​နေရတဲ့ အ​ခြေ​နေအ​ပေါ်မှာ သတိကြီးကြီးထားကြဖို့အချင်းချင်း နှိုး​ဆော်​နေတာ​တွေကိုလည်း မြင်​တွေ့​နေရတာ ဖြစ်ပါတယ်။ ရှေးယခင် စစ်အာဏာသိမ်းပွဲ​တွေရဲ့ အလစ်အငိုက်ဖမ်း အာဏာသိမ်းအစဥ်အလာကို သတိကြီးစွာထားလာကြတာပါ။ ယခုအချိန်ခါမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့မယ်ဆိုရင်​တော့ ပထမဆုံး ကြုံ​တွေ့လာ

တရုတ်-ထိုင်ဝမ် အရေး အကျဥ်း

 ➤ ထိုင်ဝမ်ဟာ ၁၆၂၄ နဲ့ ၁၆၆၁ ကြားမှာ ဒတ်ချ်ကိုလိုနီ ဖြစ်ခဲ့ပြီး ၁၆၈၃ နဲ့ ၁၈၉၅ အထိ တရုတ် Quing ချင် မင်းဆက်ရဲ့ လက်အောက်မှာ နေခဲ့ရပါတယ်။ ၁၇ ရာစုမှာ တရုတ်ပြည်က လူအများကြီး ပြောင်းလာ ခဲ့ပါတယ်။ ၁၈၉၅ မှာ ဂျပန်အောက်ရောက်ရာကနေ ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်ပြည်အောက် ပြန်ရောက်ပါတယ်။ ➤ ၁၉၄၉ မှာ တရုတ်ပြည်မကြီးမှာ China Communist Party (CCP) ရဲ့ People Liberation Army (PLA) ဦးဆောင်တဲ့ ကွန်မြူနစ်နစ်တော်လှန်ရေးကြောင့် မူရင်း အာဏာရနေတဲ့ Republican (Kuomintang) တွေဟာ အရှုံးပေး အာဏာလက်လွတ်ပြီး ဖော်မိုဆာကျွန်း (နောင် ထိုင်ဝမ်) ကို ထွက်ပြေးလာကြတယ်။ ထိုင်ဝမ်ကို One party military dictatorship နဲ့ ချန်ကေရှိတ် (Kuomingtang) က ၁၉၄၉ ကနေ ၁၉၇၅ မသေခင်ထိ (တရုတ်ပြည်မကြီးရဲ့ မော်စီတုန်းက ၁၉၇၆ သေတယ်) အုပ်ချုပ်တယ်။ ➤ United Nations UN  ဟာ ထိုင်ဝမ် (Republic of China ROC) ကို တရုတ်နိုင်ငံ (China) အဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၀ မှာတော့ CCP ရဲ့ ပြည်မကြီး (People’s Republic of China PRC) ကို တရုတ်နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့တယ်။ ၁၉၇၀ က စလို့ တရုတ်ပြည်မကြီးဟာ စီးပွားပျက်ကပ် ဆိုက်ခဲ့တယ်။ သို့သော် UN မှာ စာရင်းမပေါက်

20 march 2021

အလာစကာဆွေးနွေးပွဲ ဒုတိယနေ့ဆက်တယ်။ အမေရိကန် တရုတ်ဆွေးနွေးပွဲ အပြီး အစည်းအဝေးအပြီးမှာ နှစ်ဘက်ကိုယ်စားလှယ်တွေက သတင်းထုတ်ပြန်တယ်။ အမေရိကန်ဘက်က သူတို့အာဂျင်ဒါတွေပဲ ပြန်ပြောတယ်။ တရုတ်လုပ်နေတဲ့ စင်ကျန်း၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့‌ ဆိုက်ဘာတိုက်ခိုက်မှုတွေကို မကြိုက်တဲ့အကြောင်းပြောခဲ့တယ်ဆိုတာပါပဲ။ တရုတ်ဘက်ကတော့ ဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်းရှိတယ်၊ အပြုသဘောဆောင်တယ်၊ အထောက်အကူဖြစ်တယ်လို့ ယန်ကျီးချီဘက်ကပြောတယ်၊ သို့သော် နှစ်ဘက်ကြားမှာ အရေးကြီးတဲ့ သဘောမတူတဲ့အချက်တွေ ရှိနေသေးတယ်လို့လည်းဆိုတယ်။ တရုတ်ဟာ သူ့အမျိုးသား အချုပ်အချာ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားမယ်၊ နှစ်ဘက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်သွားနိုင်ဖို့ လိုတယ်လို့လည်း ပြောတယ်။ ဒီတော့ ပထမနေ့က ဘလန်ကင်ပြောအပြီးမှာ ပြောရမယ့်အချိန် ၂မိနစ်ထက်ကြာအောင် ပြန်တုန့်ပြန်ခဲ့တဲ့ ယန်ကျီးချီ ဘက်ကဆွေးနွေးပွဲရလဒ်ကို အကောင်းမြင်တယ်ဆိုတာမှာ တရုတ်ဘက်က အစည်းအဝေးအစမှာ တင်းမာခဲ့သမျှကို နောက်ပိုင်းမှာ ပြန်ဖြေလျှော့ခဲ့တယ်လို့ ကောက်ချက်ချရမယ်။ ဒါသည်ပင်လျှင် တရုတ်တွေရဲ့ အစည်းအဝေးရည်ရွယ်ချက်ဖြစ်ပုံရတယ်။ ဒီတော့ ခုအစည်းအဝေးကို အရင် ဘိုင်ဒင် ရှီကျင်းပင် ဖုန်းပြောတ

စစ်အာဏာရှင်ကို တိုက်ပွဲ ဝင်ခြင်း အပိုင်း၂

  အီဂေါဗလာဇီဗစ် ရေးတဲ့ "စစ်အာဏာရှင်ကို တိုက်ပွဲ ဝင်ခြင်း အပိုင်း၂" ကို ဖတ်ပြီးတဲ့အခါ ကျွန်မ မှတ်သားလိုက်မိတဲ့ သင်ခန်းစာတွေ တော်တော်ပါတာမို့ နံပါတ်စဉ် ရေးထိုးပြီး ပြန်လည် ဖော်ပြပါရစေရှင့် စစ်မျက်နှာ အရပ်ရပ်တွင် ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် မင်းအောင်လှိုင်သည် အဆုံးစွန်ရက်စက်မှုကို ကျူးလွန်လျက်ရှိသည်။ စစ်အုပ်စုကြောင့် နစ်နာဆုံးပါးရသူတို့၏ ထိခိုက်ဒဏ်ရာပုံများကို အတောမသတ် မဖြန့်ဝေစေလိုပါ။ အကြောင်းမှာ မအလကို အကြမ်းဖက်ဂုရုကြီး အဖြစ် အမှန်တကယ်ထက် ပိုမိုအားကြီး၊ သန်မာသော ဧရာမကြီးဟု မထင်စေလို၍ ဖြစ်ပါသည်။ စိတ်ခံစားမှုများကြောင့် ရှင်းရှင်းပြတ်ပြတ် အာရုံပြု ဂရုစိုက်နားလည် ရမည်များကို ဝေဝါးမသွားစေလို၍လည်း ဖြစ်ပါသည်။ မအလ သည် အားကြီးသော လန့်စရာပုဂ္ဂိုလ်အဖြစ် အမြင်ခံလိုပါသည်။ သို့ရာတွင် သူသည် အကြီးစား အရှုံးသမားသာဖြစ်ပါသည်။သူသည် ဘက်ပေါင်းစုံ အရှုံးသမားဖြစ်ပါသည်။ စစ်အုပ်စု၏ လက်ရှိအားသာချက်များမှာ -သတ်ဖြတ်၊ ဖမ်းဆီး၊ ဖျက်ဆီး၊ ဖိနှိပ်နိုင်စွမ်းအား မြင့်ခြင်း -စစ်တပ်က ငါတို့ခံတပ်ဟူသော တပ်တွင်းအမြစ်တွယ်နေသည့် တွေးပုံ။ အချင်းချင်းသစ္စာရှိကြသည်ဆိုသည်မှာလည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော ထိုစိတ်က တစ

Crisis မှာ သုံးဖို့ ဆေးပညာ အခြေခံများ

  Trauma care and ATLS 2018 https://viaaerearcp.files.wordpress.com/.../atls-2018.pdf... Trauma: Primary Survey, ABCDE-Assessments & Take home points - EM https://youtu.be/jcGlaj22HSE Ultimate ATLS 10 Prep Course Updated [2021] Full Chapter 1 Initial Assessment and Management (30min) 2020 https://youtu.be/6Gizzw5EKAs Emergency Medicine: Trauma (3min) https://youtu.be/q48PNEaa38M Emergency Medicine: Chest injury (4min) https://youtu.be/qe-WYYJpBmI Basic Abdominal Trauma Care (8min) 2019 https://youtu.be/ebkQtGAqfis …………………………………… How to Improvise: Tourniquet, Chest Seal, Splint (9min) 2019 https://youtu.be/ua1S-FCrtEI …………………………………… GSW How to pack a Gunshot Wound with combat gauze (7min) 2019 https://youtu.be/6ULJgkkA_lU …………………………………… Chest Seal Russell Chest Seal Animation (4min) 2014 https://youtu.be/3AgaF2Ulakw How to treat an open chest wound. Basic first aid advice on how to treat an open chest wound (12min) https://youtu.be/e5zPxaXIyNg Skills: improvising a chest seal with a

ပြည်ပရောက်မြန်မာများ အပိုဝင်ငွေရှာနည်းများ(အထူးသဖြင့်ကျောင်းသားများအတွက်)

Image
ပြည်တွင်းကသူရဲကောင်းတွေနဲ့တူတူတိုက်ပွဲမဝင်နိုင်လို့အားမငယ်ပါနဲ့။ပိုက်ဆံကိုဖိုက်တာလိုရှာကြပါမယ်။ Google Summer of Code https://summerofcode.withgoogle.com/ GSOCကိုIT/Computer ကျောင်းသားတော်တော်များများသိကြမှာပါ။ Googleကနေ ဦးစီးတာဖြစ်ပြီး Open Source Organizationတွေအတွက် တက္ကသိုလ်ကျောင်းသားတွေကနေ Codingဝင်ရေးရတာပါ။ ၂၀၂၁အတွက် applicationဖွင့်ပါပြီ။ DeadlineကApril 14ပါ။ သက်ဆိုင်ရာorganizationတွေကလည်းProject Descriptionတွေကိုပေးထားပြီးပါပြီ။ ကိုယ်လုပ်ချင်တဲ့organizationဆီproposalတင်ရမှာဖြစ်ပါတယ်။​ရွေးခံရရင် stipend ဒေါ်လာ ၁၅၀၀ရပါမယ်။ ပြီးခဲ့တဲ့နှစ်တွေက projectတွေ sample proposalတွေကို ပေးထားတဲ့ GSOC websiteမှာရှာဖွေကြည့်ရှုနိုင်ပါတယ်။ Appen (Machine Learning Training Data Service) https://appen.com/jobs/ Appenကတော့ML Systemတွေတည်ဆောက်ဖို့Training Dataတွေလုပ်ပေးရတာပါ။​codingရေးတတ်စရာလုံးဝမလိုပါဘူး။ ဒါကြောင့်ဘယ်သူမဆိုကွန်ပျူတာကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရင်လုပ်လို့ရပါတယ်။ VideoတွေImageတွေစာတွေကို Labelတပ်ပေးရတာ/ဘာသာပြန်ပေးရတာ/surveyကောက်ပေးရတာ/Voice recordingသွင်းပေးရတာစတဲ့အလုပ်ပေါင်းစုံရ

စမ်းချောင်း ည

မနေ့က ကျွန်းတောလမ်းမှာ ပိတ်မိတဲ့ လူငယ်တစ်ယောက် Friends only နဲ့ရေးတဲ့ စာကို ခွင့်တောင်းပြီး ပြန်ကူးတင်ထားတာပါ။ တစ်ခုခုဖြစ်ရင် စိတ်ဓါတ်တွေကျပြီး အရမ်း panic မဖြစ်ဖိုလည်း လိုပါတယ်။ တစ်ခါတလေကျရင် ကိုယ့်ရဲ့ လွတ်မြောက်လမ်းဟာ ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေးနေလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ မနေ့က ကျွန်းတောလမ်းထဲမှာ ပိတ်မိတော့မယ်ဆိုတာကို သိသိချင်း ကျနော် ဖုန်းကို ပိတ်ခဲ့ပါတယ် ။ အဲဒီအတွက် အပြင်ကို အိမ်နေရင်းဝတ်စုံနဲ့ ဝတ်ပြီး ထွက်လာဖို ပြောတဲ့ သူငယ်ချင်းတွေကိုရော၊ ကားနဲ့ လာခေါ်မယ်လို ပြောတဲ့ သူငယ်ချင်းတွေကိုရော တကယ်ကို အားနာရပါတယ်။ လာကူညီမယ်လို ပြောနေကြတဲ့ ဖုန်းနံပါတ်တွေကိုလည်း တစ်ခုမှ အဆက်အသွယ် မလုပ်မိပါဘူး။ ဘေးနားက ကောင်လေးတစ်ယောက် အဆက်အသွယ် လုပ်နေတာ တွေ့ပေမယ့် သူလည်း သေချာရေရာတဲ့ တစ်စုံတစ်ခုကို ဖမ်းဆုပ်မိပုံ မပေါ်ပါဘူး။ ကျနော် လုပ်တာ မှန်လားမှားလား သေချာ မပြောတတ်ပေမယ့် ကျနော် ဖုန်းကို ပိတ်လိုက်ပြီး အိမ်ပိုင်ရှင်အစ်မရဲ့ ထမီခြင်းထဲမှာ ဖွက်ထားလိုက်ပါတယ်။ အဲဒီအခန်းထဲ ပိတ်မိနေကြတဲ့ ဆယ့်ရှစ်ယောက်ထဲမှာ ကျနော်တစ်ယောက်တည်းပဲ ဖုန်းပိတ်ပြီး နေခဲ့ပါတယ် ။  တကယ်တော့ တိုက်ခန်းရဲ့ အခြေအနေကို နားအလည်ဆုံးသူက တိုက်ခန်းပိ

ဆန္ဒပြပွဲတွေ ရပ်လိုက်ရင်

  သမိုင်းတလျှောက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ စစ်တပ်ကို ဘာလို့အနိုင်မတိုက်နိုင်လဲဆိုရင် အဓိက အချက်(၃)ချက်ကြောင့်ပဲ။ ၁) တပ်က လူများစုဖြစ်တဲ့ မြန်မာလူထုရဲ့ထောက်ခံမှုကို အတိုင်းအတာ တခုအထိရခဲ့တယ်။ ၂) တပ်က နိုင်ငံရဲ့ ဘဏ္ဍာငွေတွေကို ခွစီးပြီးတော့ စစ်တိုက်နိုင်တယ်။ ၃) အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တဖွဲ့ နဲ့တဖွဲ့ပေါင်းပြီးတပ်ကို မတိုက်နိုင်ဘူး။ ၁) ဥပမာပြည်တွင်းစစ်အစောပိုင်းကာလကိုကြည့်။ကေအန်ယူဟာအင်း စိန်ထိ သိမ်းနိုင်ခဲ့ပေမယ့် လူများစုဖြစ်တဲ့ ဗမာလူထုရဲ့ထောက်ခံမှုကို ဖ ဆပလအစိုးရက ရထားတဲ့အတွက် အသာပြန်ရခဲ့တယ်။ ၂) တပ်ဟာ တိုင်းပြည်ဘဏ္ဍာကို ခွထိုင်ပြီး စစ်တိုက်နေတော့ အဘက် ဘက်က အသာရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေခမျာ ကျည် ကို ခြွေပစ်နေရပေမယ့် တပ်ဟာ လက်နက်ကြီးတွေကို ဖွာလန်ကြဲအောင် ပစ်နိုင်တယ်။ အခုဆိုလေယာဥ်ပါသုံးနိုင်တာပေါ့။ ၃) အလံနီ၊ အလံဖြူ၊ ရဲဘော်ဖြူ သုံးပါတီခေတ်ကစလို့ အစိုးရနဲ့တိုက် နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ တပ်ပေါင်းစုတွေဖွဲ့ခဲ့ကြပေမယ့်ခိုင် ခိုင်မာမာမဖွဲ့နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ပဲ တပ်ပေါင်းစုတွေပျက်ခဲ့ကြတယ်။ အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အချို့(အထူးသဖြင့်ကေအန်ယူ ပ