မကြောက်ပါနဲ့ အကာအကွယ်ယူပါ
ရပ်ကျေးကို အသည်းအသန် လုပ်နေတာ သတင်းပေးမွေးပြီး cdm ကို တိတ်တဆိတ် ဆွဲဖို့ပါ။
လူထုကလည်း နပ်တော့ ရပ်ကျေးတည်မရအောင် လုပ်တယ်။ ရပ်ကျေးတည်မရရင် ဖြတ်လေးဖြတ်မှာ သတင်းဖြတ်ခံရသလို ဖြစ်တယ်။ online သတင်းက အပြန်အလှန် psywar လွှတ်တော့ သူတို့လည်း မယုံရဲဘူး။ အရင် ဘရွေခေတ်က ဖုန်းဆက်တိုင်ရင် ဖုန်းကိုင်နိုင်တဲ့လူတန်းစား သက်သက်ရှိတော့ ဖုန်းဆက်သတင်းပေးတာတောင် အားကိုးလို့ ရသေးတယ်။ အခုက မူကြိုကျောင်းက ကလေးတောင် ဖုန်းရှိတော့ prank call တွေနောက်လိုက်ရင် ဆော်ဒီက ရေနံတွင်းသာ ခမ်းသွားမယ်။
ဒီတော့ တာမွေ မှာ သာလွန်အင်အားသုံးပြီး အတင်းတည်ပြတယ်။
သူတို့အတွက် ခက်နေတာက...လူထုအတွက်က အဖြေရှိနေတာပါ
################
အုပ်ကြီး ကို ရဲတွေကာဗာလာပေးရင် လွှတ်ထားလိုက် သူတို့ပြန်မှ ပြန်မောင်းထုတ် ချိတ်ပိတ်
နောက်နေ့ပြန်လာဖွင့်လဲ ဖွင့်ပါစေ ပြီးပြန်ပိတ်
နေ့တိုင်း ရပ်ကွက်တိုင်းဆို နောက်ခေါ်ရင်တောင် မလာနိုင်တော့ဘူး
ထိပ်တိုက်မတွေ့နဲ့ ရှောင်ပေးလိုက်
ဆန္ဒပြတဲ့ပုံ သွားမလုပ်ပြနဲ့
YGN တိုင်းတတိုင်းလုံး ရှိသမျှ ရပ်ကွက်ရုံးတိုင်းကို သူတို့လိုက်ကာကွယ်မပေးနိုင်ဘူး
ခွေးဆွဲမခံနဲ့။
Comments
Post a Comment