ညကင်း လုံခြုံရေးနှင့် ရန်သူ့ တန်ပြန်ရေး
9PM ဆိုတာနဲ့ စလုပ်သင့်တယ်
မနေ့က Live Video တစ်ခုကြည့်လိုက်တာ CDM ဦးဆောင် ဆရာမတစ်ယောက်ကို ရဲကား ၂ စီး စစ်ကား ၆ စီးနဲ့ အင်အားအပြည့် လာဖမ်းတာပါ ဆရာမက ရှောင်နေလို့ မပါသွားပေမယ့် အဲ့လောက် ရဲသားအင်အား စစ်သားအင်အားကြောင့် ရပ်ကွက်ထဲကလူတွေ သံပုံးမတီးရဲ ဝိုင်းမလာရဲပါဘူး အဲ့ဒါ နောက်ရက်တွေမှာလည်း အင်အားအပြည့်နဲ့ လာဖမ်းနိုင်ပါတယ် အဲ့လောက် အင်အားနဲ့ လာဖမ်းတဲ့အခါ ရပ်ကွက်က ဝန်းရံပေးဖို့ မဖြစ်နိုင်ပါဘူး
အဲ့ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ သူတို့က ကျွန်တော်တို့ကို ညမထွက်ရ အမိန့်ထုတ်ထားပါတယ် ဒါပေမယ့် ညဘက် လမ်းပေါ်မှာ ကားတွေနဲ့ ပတ်နေတာ 99.99% က သူတို့ ရဲနဲ့ စစ်သားတွေပါပဲ
အဲ့စစ်ကား ၆ စီးနဲ့ လာဖမ်းမှာကို ရပ်ကွက်က မဝန်းရံနိုင်ရင် အဲ့စစ်ကား ၆ စီးကို ရပ်ကွက်ထဲ ရောက်မလာအောင်လုပ်ရပါမယ်
အဆင့် 1. ညဘက်ဆိုရင် လမ်းပေါ်မှာ အုတ်ခဲ သို့မဟုတ် သစ်သားတုံးတွေ တင်ထားပါ ... မောင်းရတာ အနှောင့်အယှက်ဖြစ်ပြီး ခရီး သိပ်မတွင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်
အဆင့် 2. သစ်သားပြား သို့မဟုတ် ဝါးခြမ်းပြားပေါ် သံချွန်ရိုက်ပြီး လမ်းပေါ်သံထောင်ထားပါ ... ဖြတ်မောင်းတဲ့အခါ ဘီးပေါက်မှာပါ
အဆင့် 3. လိမ္မော်သီး သို့မဟုတ် ငှက်ပျောသီးထဲမှာ သံတွေစိုက်ထားပြီး လမ်းပေါ်တင်ထားပါ ... တက်နင်းရင် ဘီးပေါက်မှာပါ
အများကြီး လုပ်ဖို့ မလိုပါဘူး ... တစ်လမ်းကို နှစ်ခုလောက် တာဝန်ယူပြီး ချထားရင်ရပါပြီ ... ညဘက် သံပုံးတီးပြီးတဲ့အချိန် 9 နာရီလောက်ကျ စပြီး ချထားမယ် မနက် ကင်းသိမ်းချိန်မှာ ပြန်သိမ်းရင် ရပါပြီ ... လမ်းသွယ်တွေထဲမှာ မလုပ်ပါနဲ့ အဓိက လမ်းမတွေ လမ်းကျယ်တွေပေါ်မှာ ချထားပေးပါ .... မနက်ကျ ပြန်သိမ်းဖို့ မမေ့ပါနဲ့
အကျိုးဆက်ဖြစ်နိုင်တာက စစ်ကားဘီးပေါက်ချိန်မှာ စိတ်တိုနေတဲ့ စစ်သားတွေက အနီးနားက ကင်းသမားကို မင်းလက်ချက်ဆိုပြီး ဆွဲနိုင်ပါတယ် ... ဘီးပေါက်တာကို ထွက်လည်း မကြည့်ပါနဲ့ ဖြစ်နိုင်ရင် ဘီးပေါက်သွားတာ သိတာနဲ့ ကင်းသမားတွေ အဆောက်အဦးတွေထဲ ဝင်နေပါ ...
ညဘက် ကျွန်တော်တို့ကို မထွက်ရအမိန့်ထုတ်ထားရင် သူတို့လည်း လိုက်မဖမ်းနိုင်အောင် ပြန်လုပ်ရပါမယ် ... ဒါကို ရက်အကြာကြီး လုပ်ဖို့ မလိုပါဘူး သူတို့လည်း ညဘက် ထွက်မရဘူးဆိုတာ သိသွားရင် ရပါပြီ
အရေးကြီးတဲ့အချက် - လမ်းသွယ်တွေ ရပ်ကွက်လမ်းထဲမှာ မလုပ်ပါနဲ့ ရပ်ကွက်ထဲထိရောက်လာမှတော့ ဘီးပေါက်လည်း ဖမ်းကောင်းဖမ်းမှာပါပဲ ... ရပ်ကွက်ထဲ မရောက်ခင် တစ်မိုင်လောက်မှာ ဘီးပေါက်နေဖို့ လိုတာကြောင့် လမ်းမတွေ လမ်းကျယ်တွေပေါ်မှာချထားပါ
အရေးကြီးတဲ့ အချက် (၂) - တစ်လမ်း သို့မဟုတ် ကင်းတစ်ဖွဲ့က တာဝန်ယူပြီး တစ်ဖွဲ့ကို နှစ်ခုလောက် ချပေးရင်ကို သူတို့ ညဘက် ကားနဲ့ မလှည့်နိုင်တော့ပါဘူး မနက်ကျ ပြန်သိမ်းဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို့ ညမထွက်ရသလို သူတို့လည်း ညဘက် လိုက်မဖမ်းနိုင်အောင် လုပ်ရပါမယ် ... ကျွန်တော်တို့ ဖောက်နိုင်တဲ့ ကားဘီးတစ်ဘီးက ညဘက်အဖမ်းမခံရတဲ့ပြည်သူတစ်ယောက် ဒါမှမဟုတ် မနက်ကျ အဖြိုခွဲမခံရတဲ့ သပိတ်စစ်ကြောင်း တစ်ခုကို ကိုယ်စားပြုပါတယ် ....
အရေးတော်ပုံအောင်ရမည် 
Comments
Post a Comment