Posts

Showing posts from April, 2021

ရက္ခိတလမ်းစဉ် (သို့မဟုတ်) နိုင်ငံတော်တည်ဆောက်ခြင်း

 ရက္ခိုင့်တပ်တော်(AA)ရဲ့ (၁၂)နှစ်မြောက်မွေးနေ့ တစ်နည်းအားဖြင့် ရက္ခိုင့်တပ်တော် ဖွဲ့စည်းထူထောင်သည့် (၁၂)ပြည့်နေ့မှာ တပ်တော်ရဲ့ တပ်မှူးချုပ်မိန့်ခွန်းသဝဏ်လွှာကို ရခိုင်လူမျိုးများအပြင် တစ်ခြားတိုင်းရင်းသား လူမျိုးခေါင်းဆောင်များကပါ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတာကို တွေ့ရပါတယ်။ စောင့်ကြည့်သူအများစုဟာ လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ စစ်တပ်မှအာဏာသိမ်းယူထားမှုကို မြန်မာလူထုတုန့်ပြန်မှု ပဋိပက္ခအပေါ် ရက္ခိုင့်တပ်တော်ရဲ့သဘောထားကို ပိုမိုစိတ်ဝင်တစား စောင့်ကြည့် နေခဲ့ကြတာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်(AA)ဟာ (၂၀၁၉-၂၀၂၀)အတွင်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲပေါင်းလေးထောင်ကျော်ကို တိုက်ခိုက်ခဲ့ကြပြီး ၂ နှစ်အတွင်း ရခိုင်တစ်ပြည်နယ်လုံးမှာ အခိုင်အမာအခြေကုတ်တည်ဆောက်ထားနိုင်ခဲ့ ပါတယ်။ ယေဘုယျအားဖြင့် တွက်ချက်ပါက ဒီနှစ်နှစ်အတွင်း ရက္ခိုင်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ဟာ တစ်ရက်ကို တိုက်ပွဲလေးခုကနေ ငါးခုဝန်းကျင်အထိ အပြင်းအထန်တိုက်ခိုက်နိုင်ခဲ့ကြတာကို တွေ့ရ ပါတယ်။  မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေတပ်များ ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်မှုကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့တဲ့အပြင် မြန်မာစစ်တပ်ကို မြေပြင်တိုက်ပွဲအားလုံးန