VPN ကျော်ရင် လိုက်ရ ခက်လား
၁)
VPN ကျော်တာ GPS ကျော်တာ မဟုတ်ပါ။ IP ပဲ ပြောင်းမှာပါ။
ဒီအတွက် မသိတဲ့ လင့်တွေ မနှိပ်ပါနဲ့။
ဒီကာလမှာ GPS ကို လုံးဝ Disable လုပ်ပြီးပိတ်ထားပါ။
(Grab ငှားဘာညာတော့ ခက်ပါလိမ့်မယ်။ လိုသလို ချိန်ညှိသုံးပါ။)
၂)
ဒါဆိုရင် သူတို့ လိပ်စာ မသိတော့ဘူးလား
No အဲ့လို မဟုတ်ပါဘူး
AGPS ဆိုတဲ့ စနစ် ရှိပါသေးတယ်။
နောက် IMEI နဲ့ပေါင်းရင် SIM ကိုလိုက်တာတင် မဟုတ်တော့ပဲ Handset ကိုလိုက်တာပါ
နည်းနည်း အသေးစိတ်ရှိထားတာ အောက်မှာ ဖတ်ပါ။
ကိုကျော်စွာသွင်ဆီက ကူးလာတာ
VPN သုံးနေတဲ့သူကို Trace လိုက်ရအတော်ခက်ပါတယ်။
Kyaw Swar Thwin
တကယ် Trace လိုက်တာပြောပြပေးမယ် တိုးတိုးနော်။
တစ်နိုင်ငံလုံးသိမ်းထားချိန်မှာ Operator တွေကို ကိုင်တွယ်လို့ရသွားပါပြီ။
ဖုန်းမှာ GPS ပိတ်ထားရင်တောင် Cell Tower တွေကနေ Trace လို့ရပါတယ်။ တာဝါ ၃ တိုင်လောက်တော့လိုတာပေါ့ 
အဲ့အတွက် ဖုန်းနံပါတ်သိရပါမယ်။ ဥပမာ ကျနော်က 095310123 ဆိုတဲ့နံပါတ်ကိုင်တာ သိသွားတယ်ထားပါတော့။
အဲ့နံပါတ်က ဘယ် Cell Tower မှာချိတ်နေလဲ IMSI နံပါတ်ကို Operator ကနေသိပါတယ်။
Ok ဒါဆို SIM ထုတ်ပီး SIM အသစ်ထည့်သုံးပါမယ်။
နိုးပါ။ ဒါလဲ Trace လို့ရပါသေးတယ်။
Why?
ဖုန်းမှာ IMEI ဆိုတာရှိပါတယ်။ 095310123 က ဘယ်ဖုန်းမှာထည့်ခဲ့လဲ ဆိုတာ Record ကျန်ပါတယ်။ နောက် SIM ချိန်းလဲ IMEI နဲ့ Back ပြန်ရှာပီး ဖုန်းနံပါတ်အသစ်ကို Trace လို့ရပါတယ်နော်။
အဲ့တော့ အလိုက်မခံရအောင် ပုန်းမယ်ဆိုရင် ဖုန်းပါချိန်းပစ်ပါ SIM ချိန်းရုံနဲ့မလုံလောက်ပါ။
----
စောစောက သံပုံးတီးနေလို့ ပြီးအောင် မရေးလိုက်ရဘူး
အသိတွေ လာပြောလို့ Update လုပ်ပေးလိုက်တယ်
အတိုချုပ်- ဦးလူမင်း ကိစ္စ GPS ဘလာ ဘလာ (ဆောက်ပေါ တွေ)
၁) Facebook သုံးလို့ GPS သိတာ - ဆောက်ပေါ
ဖေ့ဘုတ်သုံးလို့ GPS နေရာ သိတာဆို Facebook နဲ့ ဆက်သွယ်ပြီး တောင်းဆိုရတာပါ။ အဲ့တော့ သူတို့ အဖေနဲ့ သတင်းမှန် ပြန်ကြားရေးကြီး ပြန်တက်လာတော့မှ အဲ့ကိစ္စ ဆက်စဥ်းစားပါ။
၂) ဒိတ်က အစတလွဲကြီးပါ။
ပေါတောတောနဲ့ ပြည်သူတွေကို သူတို့လို့ နလပိန်းတုန်းတွေ ထင်လို့ ဖိန့်လုံးသုံးတာပါ။
၃) ဖမ်းမိတဲ့နေရာလဲ တလွဲကြီးပါ။
ပြောချင်တာက မင်းတို့ အိမ်ပါ ငါက သိတယ်ဆိုတဲ့ အကွက်တွေ ပြချင်တာ
၄) GPS နေရာကို ဒသမ အတော်များများ အထိ အတိအကျပြထားပါတယ်။
အဲ့တော့ ဦးလူမင်းက ဂါးမင်း သုံးတာလား စစ်တပ်သုံး GPS နဲ့ ပွိုင့်ထောက်ပြတာလား
အဲ့လို အတိအကျ ပြဖို့ဆို တပ်သုံး GPS ကို အမိုးအကာမရှိတဲ့နေရာမှာ ထွက်ကိုင်ထားမှ ရမယ်။ အဲ့လိုဟာက တကယ်လို့များ သူ့အဖေကို အန်ကယ်ဆန်တို့ ထုမယ်ဆိုရင် သုံးတဲ့ဟာတွေကမှ အဲ့လောက် တိတိ ကျကျ ရမှာ။ ဒါကလဲ စကားအဖြစ်ပြောတာ သူတို့ အဖေက အခုဆို အဖွားကြီးကို အပေါ်ထပ်ထားပြီး အောက်ထပ်တို့ ကုတင်အောက်တို့ ဝင်အိပ်ချင် အိပ်နေမှာ သူ့တယောက်တည်းဆို လှမ်းထုမှာ ကြောက်လို့။
ဦးလူမင်း ဖေ့ဘုတ်သုံးလို့ အိမ်လိပ်စာနဲ့ မိတယ်ဆိုတာ
အလွယ် ပြောရရင် စောက်ပေါတွေက ပြည်သူတွေကို စောက်ရူးထင်ပြီး ခြောက်တာ
အဲ့တာ အကုန် မဖတ်ကြည့်ရသေးဘူး အကြမ်းဖျင်းပြောတာ
AGPS ဖြစ်ဖြစ် သာမန် GPS ဖြစ်ဖြစ် အဲ့လောက် တိတိ ကျကျ မထွက်
မသကာ တိုက်တန်းတို့ လမ်းတို့လောက်အထိပဲ အနီးစပ်ဆုံးသိမှာ
နောက်မှ အားရင် Update လာလုပ်ဦးမယ်
####
CDM တွေ ဆန္ဒပြတွေ အဖမ်းခံရတာ
အသိထဲကလောက်တွေ လိပ်စာက အစ အတိအကျနဲ့ ဂျောက်ချလို့
ဘာနည်းပညာနဲ့မှ ဖမ်းတာမဟုတ်ဘူး
စင်္ကာပူမှာ ဘာမှ ဆန္ဒမပြရသေး ဘာမှ မတိုင်ပင်ရပါပဲနဲ့
မြန်မာတွေ ဆန္ဒပြမယ်လို့ မြန်မာချင်းချင်းတိုင်လို့ ဂျောက်ချလို့ ပိုအနေကျပ်ကုန်ကြတယ် ပြောတယ်။
Comments
Post a Comment