IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။

နိုးပါ။ ဒါ ဆိုက်ဝါးရဲ့ တစ်စိတ်တစ်ပိုင်းပါ။ IP address နဲ့ နေရာတစ်ခုကို သိရှိနိုင်တယ်ဆိုပေမယ့် ဘယ်အိုင်ပီက ဘယ်ဆိုက်ကို ဘယ်လိုသုံးတယ်ဆိုတာ အလွယ်မသိနိုင်အောင် ကာကွယ်လို့ရပါတယ်။ တက်ကြွသူတွေ လတ်တလော ဆွဲစိမခံရအောင် -

(၁) ဖုန်း၊ ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့ ဘယ်ပစ္စည်းမဆို VPN ခံသုံးပါ။ VPN ကို အကြမ်းဖျင်း ရှင်းရရင် တခြားနိုင်ငံ/နေရာတစ်ခုမှာ ရှိတဲ့ ကွန်ပျူတာကနေ အင်တာနက်လှမ်းသုံးတာပါ။ ဖုန်းမှာ VPN ထည့်ထားတယ်ဆိုရင် ဖုန်းနဲ့ VPN ကွန်ပျူတာကြားက လုံခြုံတဲ့ ဒေတာစီးဆင်းမှုတစ်ခုသာရှိပြီး ကိုယ်ရဲ့ ISP က ကြားဖြတ်ဖတ်ယူဖို့ကြိုးစားရင် ကိုယ်ဘာသုံးနေလဲ၊ ကိုယ်ဘယ်သူလဲ၊ ဘာဒေတာတွေလဲဆိုတာ မသိနိုင်ပါဘူး။
(၂) လူသိထားတဲ့ ဖုန်းတွေကို ဆင်းမ်ကဒ်တွေထုတ်ပစ်ပြီး ဆင်းမ်ကဒ်အသစ်လဲပါ။ ဖုန်းနံပါတ်သိရင် triangulation လို့ခေါ်တဲ့ အနီးဆုံး Cell tower သုံးခုရဲ့ နေရာနဲ့ မှန်းပြီး ကိုယ့်ရဲ့နေရာကို အကြမ်းဖျင်း ထောက်လှန်းလို့ရပါတယ်။ ပစ်မှတ်ထားခံရလောက်တဲ့လူတွေရဲ့ ဖုန်းကို ကိုယ့်ရဲ့ဖုန်းအသစ်နဲ့ (ဖုန်းခေါ်ခြင်း၊ SMS ပို့ခြင်း) မဆက်သွယ်ပါနဲ။ ကိုယ့်ဖုန်းနံပါတ်အသစ်ဖြစ်ပေမယ့် စောင့်ကြည့်ခံရတဲ့ စာရင်းထဲပါသွားနိုင်ပါတယ်။ Signal, Telegram စတဲ့ End to end encryption ပါတဲ့ မက်ဆင်ဂျာတွေနဲ့ ဆက်သွယ်ပါ။ ပြောပြီး ခဏကြာရင်ပျက်တဲ့ feature on ထားပါ။ FB messenger ဟာလည်း မြန်မာပြည်အနေနဲ့ အတန်အသင့် လုံခြုံမှုရှိပါတယ်။
(၃) အဲလိုတွေလုပ်ထားလျက်နဲ့ ဘေးအိမ်/ဒလန်က လှမ်းတိုင်လို့ ဖမ်းခံရရင် ဖုန်း၊ ကွန်ပျူတာထဲက ဒေတာတွေပါမသွားအောင်၊ ကွန်းတက်တွေနဲ့ သူတို့နဲ့ပြောထားတာတွေ ပါမသွားအောင် စကားဝှက်ခံသုံးပါ။ လက်ဗွေ၊ မျက်နှာနဲ့ဖွင့်တာစတဲ့ ကိုယ့်ဆန္ဒကို ဆန့်ကျင်ပြီး ဖွင့်လို့ရတဲ့ နည်းတွေကို ပိတ်ထားပါ။ ဖြစ်နိုင်ရင် အချိန်ရရင် ဖုန်းတွေ၊ ကွန်ပျူတာတွေကို ရိုက်ချိုးမီးရှို့ ရေထဲပစ်ချပါ။
Online presence တစ်ခုလုံးဖျက်ထားရအောင်ထိ မလိုပါဘူး။ အရင်ပို့စ်တွေ ပြန်ရှင်းနေပြီ၊ ဟန်ဆောင်ဆန္ဒပြတဲ့ပုံတွေ တင်ထားတာတွေ ဖျက်ပြီး ဘုရားတရားအကြောင်းနဲ့ အလှုအတန်း၊ ဆုတောင်းတွေပဲတင်ထားပြီ (သို့) လုံးဝနှုတ်ဆိတ်ပြီး အင်တာနက် တိတ်တိတ်ခိုးသုံးနေပြီဆိုရင် သင်ဟာ တော်လှန်ရေးကို မယုံကြည်သူ Chicken$hit ပါ။

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်