ပြည်ပရောက်မြန်မာများ အပိုဝင်ငွေရှာနည်းများ(အထူးသဖြင့်ကျောင်းသားများအတွက်)
ပြည်တွင်းကသူရဲကောင်းတွေနဲ့တူတူတိုက်ပွဲမဝင်နိုင်လို့အားမငယ်ပါနဲ့။ပိုက်ဆံကိုဖိုက်တာလိုရှာကြပါမယ်။
Google Summer of Code
GSOCကိုIT/Computer ကျောင်းသားတော်တော်များများသိကြမှာပါ။ Googleကနေ ဦးစီးတာဖြစ်ပြီး Open Source Organizationတွေအတွက် တက္ကသိုလ်ကျောင်းသားတွေကနေ Codingဝင်ရေးရတာပါ။ ၂၀၂၁အတွက် applicationဖွင့်ပါပြီ။ DeadlineကApril 14ပါ။ သက်ဆိုင်ရာorganizationတွေကလည်းProject Descriptionတွေကိုပေးထားပြီးပါပြီ။ ကိုယ်လုပ်ချင်တဲ့organizationဆီproposalတင်ရမှာဖြစ်ပါတယ်။ရွေးခံရရင် stipend ဒေါ်လာ ၁၅၀၀ရပါမယ်။ ပြီးခဲ့တဲ့နှစ်တွေက projectတွေ sample proposalတွေကို ပေးထားတဲ့ GSOC websiteမှာရှာဖွေကြည့်ရှုနိုင်ပါတယ်။
Appen (Machine Learning Training Data Service) https://appen.com/jobs/
Appenကတော့ML Systemတွေတည်ဆောက်ဖို့Training Dataတွေလုပ်ပေးရတာပါ။codingရေးတတ်စရာလုံးဝမလိုပါဘူး။ ဒါကြောင့်ဘယ်သူမဆိုကွန်ပျူတာကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရင်လုပ်လို့ရပါတယ်။ VideoတွေImageတွေစာတွေကို Labelတပ်ပေးရတာ/ဘာသာပြန်ပေးရတာ/surveyကောက်ပေးရတာ/Voice recordingသွင်းပေးရတာစတဲ့အလုပ်ပေါင်းစုံရှိပါတယ်။ ကျွန်မရန်ကုန်မှာရှိတုန်းကimageတွေကိုlabelတပ်ပေးရတဲ့projectတခုဝင်လုပ်ဖူးပါတယ်။ Hourly rateနဲ့ပေးတဲ့part-time jobပါ။ တနာရီကို ၁၀ဒေါ်လာ - ၁၅ဒေါ်လာလောက်ပျမ်းမျှရပါတယ်။
Lion Bridge
Lion Bridgeကတော့ search engine optimization companyပါ။Appenနဲ့လုပ်ရတဲ့အလုပ်ပုံစံတွေဆင်ပါတယ်။ codingရေးတတ်စရာမလိုပါဘူး။VideoတွေImageတွေကိုratingပေးရတာ/annotateလုပ်ရတာ/ဘာသာပြန်ရတာစတဲ့အလုပ်တွေရှိပါတယ်။ Hourly rateနဲ့ပေးတာဖြစ်ပြီး pay scaleကလည်း appenနဲ့မတိမ်းမယိမ်းပါပဲ။
Amazon Mechanical Turk
MTurkကလည်း Machine Learning Projectတွေအတွက် crowdsource training dataပြင်ပေးရတဲ့အလုပ်တွေရှိတဲ့ platformဖြစ်ပါတယ်။Imageတွေကိုlabelတပ်ပေးရတာ/survey dataတွေစုပေးရတာ/information gatheringလုပ်ပေးရတာ/ဘာသာပြန်စတဲ့အလုပ်တွေရှိပါတယ်။
တခြားကိုယ်သိထားတဲ့ အခွင့်အလမ်းတွေများရှိရင်လည်း မျှဝေပေးခဲ့ကြဖို့ တောင်းဆိုပါတယ်။
https://www.facebook.com/photo/?fbid=4385901131421413&set=a.161074187237483&__cft__[0]=AZVT0Vx8UCgAbMcAFz2BaZqnDlxcB6AO_kVkdpXZFc69CqBv3Rdz36myoI_L-HXiU07yd_0mcFNRqhCAOzKKbiDbR4zbinr5IwyBFsO_HTje3PLQ-cmOTVSZDFzco43PCtc&__tn__=EH-R

Comments
Post a Comment