တရုတ်-ထိုင်ဝမ် အရေး အကျဥ်း
➤ ထိုင်ဝမ်ဟာ ၁၆၂၄ နဲ့ ၁၆၆၁ ကြားမှာ ဒတ်ချ်ကိုလိုနီ ဖြစ်ခဲ့ပြီး ၁၆၈၃ နဲ့ ၁၈၉၅ အထိ တရုတ် Quing ချင် မင်းဆက်ရဲ့ လက်အောက်မှာ နေခဲ့ရပါတယ်။ ၁၇ ရာစုမှာ တရုတ်ပြည်က လူအများကြီး ပြောင်းလာ ခဲ့ပါတယ်။ ၁၈၉၅ မှာ ဂျပန်အောက်ရောက်ရာကနေ ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်ပြည်အောက် ပြန်ရောက်ပါတယ်။
➤ ၁၉၄၉ မှာ တရုတ်ပြည်မကြီးမှာ China Communist Party (CCP) ရဲ့ People Liberation Army (PLA) ဦးဆောင်တဲ့ ကွန်မြူနစ်နစ်တော်လှန်ရေးကြောင့် မူရင်း အာဏာရနေတဲ့ Republican (Kuomintang) တွေဟာ အရှုံးပေး အာဏာလက်လွတ်ပြီး ဖော်မိုဆာကျွန်း (နောင် ထိုင်ဝမ်) ကို ထွက်ပြေးလာကြတယ်။ ထိုင်ဝမ်ကို One party military dictatorship နဲ့ ချန်ကေရှိတ် (Kuomingtang) က ၁၉၄၉ ကနေ ၁၉၇၅ မသေခင်ထိ (တရုတ်ပြည်မကြီးရဲ့ မော်စီတုန်းက ၁၉၇၆ သေတယ်) အုပ်ချုပ်တယ်။
➤ United Nations UN ဟာ ထိုင်ဝမ် (Republic of China ROC) ကို တရုတ်နိုင်ငံ (China) အဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၀ မှာတော့ CCP ရဲ့ ပြည်မကြီး (People’s Republic of China PRC) ကို တရုတ်နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့တယ်။ ၁၉၇၀ က စလို့ တရုတ်ပြည်မကြီးဟာ စီးပွားပျက်ကပ် ဆိုက်ခဲ့တယ်။ သို့သော် UN မှာ စာရင်းမပေါက်တော့တဲ့ ထိုင်ဝမ်ကတော့ ၁၉၈၀ နောက်ပိုင်းမှာ အာရှကျား ၅ ကောင်စာရင်းထဲပါတဲ့အထိ စီးပွား တက်လာခဲ့တယ်။ ဒါပေမယ့် ထိုင်ဝမ်ရဲ့ One party military dictatorship ဟာ ၁၉၈၆-၈၇ မှ ပါတီစုံ ဒီမိုကရေစီစနစ်ပြောင်းတယ်။ တရုတ်ပြည်ရဲ့ CCP ဟာ ထိုင်ဝမ်သည် သူတို့ပိုင် ဖြစ်သည်လို့ One China Policy ကို ကျွေးကျော်တယ်။ အမေရိကန်အနေနဲ့ အာရှမှာ ဂျပန်နဲ့ တောင်ကိုးရီးယား သြစတေးလျ တို့အားကို ရထားပေမယ့် တောင်တရုတ်ပင်လယ်ကို အသာစီးရဖို့အတွက်ကတော့ ထိုင်ဝမ် တရုတ်လက် မရောက်ရေးဟာ အတော်ကို အရေးပါပါတယ်။ ဒါကြောင့် US တပ်တွေဟာ ထိုင်ဝမ်မှာ ၁၉၅၄-၁၉၇၉ ထိ တရားဝင် ရှိခဲ့ဖူးတယ်။ ခုလည်း ထိုင်ဝမ်အစိုးရကို စစ်ရေး အကူအညီတွေပေး (လက်နက်ရောင်း) ထားတယ်။
➤ လက်ရှိ ထိုင်ဝမ်ကတော့ လူဦးရေ ၂၃.၅ သန်း ရှိ စီးပွားရေးတိုးတက်မှု တန့်သွားတယ်။ သို့သော် Computer/ Phone တွေရဲ့ ဦးနှောက် Processor ဖြစ်တဲ့ Chips ထုတ်လုပ်ရေးမှာတော့ ကမ္ဘာ့ထိပ်တန်း ဖြစ်တုန်းပါပဲ။ ၂၀၀၆-၁၀ ကြား ကမ္ဘာ့ ထိပ်တန်းဖုန်း တစ်ခု ဖြစ်ခဲ့ဖူးတဲ့ HTC လို သူပိုင် Brand တွေ ကျဆုံးတယ်။ ထိုင်ဝမ်နဲ့ ကပ်ရက် တရုတ်ပြည်က တံငါလုပ်စားတဲ့ Shenzhen ဟာ လူဦးရေ ၁၂.၅ သန်းလောက် ရှိတဲ့ Metropolitan မြို့ကြီးအဖြစ် ကမ္ဘာ့ စက်ရုံကြီး အဖြစ် ရပ်တည်ပြီး တရုတ်ဟာ ထိုင်ဝမ်ကို ကျော်ဖြတ်သွားပါတယ်။
➤ ၂၀၀၀ မှာ ကူမင်တန် ပါတီရဲ့ ပြိုင်ဖက် Democratic Progressive Party က Lee Teng-hui ထိုင်ဝမ် သမ္မတ ဖြစ်လာတယ်။ သူက ထိုင်ဝမ်ဟာ တရုတ်လက်အောက် မဟုတ်လို့ ကြွေးကျော်ခဲ့ပါတယ်။ ၂၀၁၆ က စလို့ ၂ ခါ ဆက်တိုက် အာဏာရတဲ့ အမျိုးသမီး သမ္မတ Tsai Ing-wen (Democratic Progressive Party) လက်ထက်မှာ ထိုင်ဝမ်တရုတ် ဆက်ဆံရေး ပိုဆိုးလာပါတယ်။ ထိုင်ဝမ်ကို သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ခုလက်ရှိ အသိအမှတ် ပြုတဲ့ နိုင်ငံ ၁၄ ခုပဲ ရှိပါတယ်။
➤ မင်းတို့ ထိုင်ဝမ်ကို ဟောင်ကောင်လိုပဲ တစ်နိုင်ငံ စနစ် ၂ မျိုးနဲ့ ထားပေးမယ်လို့ ချော့ခေါ်ဖူးတဲ့ တရုတ် CCP ကတော့ ၂၀၂၇ (၁၉၂၇ က စတင်ထူထောင်ခဲ့တဲ့ တရုတ် စစ်တပ် PLA ရဲ့ နှစ် ၁၀၀ ပြည့်နှစ်) မှာ ထိုင်ဝမ်ကို သိမ်းပြီးသား ဖြစ်နေရမယ်လို့ ကြွေးကျော်လာတယ်။ မတ် ၂၆ နေ့ကတော့ တရုတ်လေယာဥ် ၂၀ ဟာ ထိုင်ဝမ်လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်ခဲ့ပါတယ်။ ထရမ့် ဟာ ထိုင်ဝမ်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့သလို ၁၆ ဘီလီယံ ဒေါ်လာဖိုး လက်နက်လည်း ရောင်းခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ကလည်း ထရမ့်လမ်းကို ဆက်လျှောက်မဲ့ သဘောရှိလေတော့ ထိုင်ဝမ်ဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ Proxy War ဖြစ်လာနိုင်ပါတယ်။ တောင်တရုတ်ပင်လယ်ကို ထိမ်းချုပ်ဖို့ အမေရိကန်နဲ့ တရုတ် ပြိုင်နေကြတဲ့ Cold War မှာ ထိုင်ဝမ်ဟာ တော်တော်ကို အရေးပါပါတယ်။
#Current_Affair
Comments
Post a Comment