Posts

PSLF/TNLA - တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့

တအာင်းပလောင်များသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူစယ်၊ ကွတ်ခိုင်၊ လားရှိုးဒေသရှိ တောင်တန်းများတွင်နေထိုင်ကြသည်။ မိုင်းကိုင်၊ မိုးမိတ်နယ်များတွင်လည်းတွေ့ရသည်။ ၁၉၅၈ ခုနှစ် ရှမ်းတိုင်းရင်းသားလက်နက်ပိုင်များ ပုန်ကန်ထကြွသော အခါ တအာင်းပလောင်များလည်း ရှမ်းတပ်ဖွဲ့များနှင့်အတူပုန်ကန်ကန်ခဲ့ကြသည်။ ရှမ်းတပ်ဖွဲ့ ၏နမ့်ဆန်ဒေသရှိ ရင်း ၅ နှင့် နမ့်ခမ်းဒေသရှိ ရင်း ၆ တို့သည် တအာင်း ပလောင်တပ်ဖွဲ့များဖြစ်သည်။ တအာင်းပလောင်တပ်ဖွဲ့များဖြစ်သည့် ရင်း ၅ နှင့် ရင်း ၆ သည် ရှမ်းတပ်ဖွဲ့မှ ခွဲထွက်ပြီး ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်တွင် ပလောင်အမျိုးသားတပ်ဦး PNF Palaung National Front ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ တဖန် ၁၉၇၆ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင်  ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ PSLO- Palaung State Liberative Organization နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA- Palaung State Liberation Army ဟု အမည်ပြောင်းလဲခဲ့သည်။  PSLO/PSLA သည် ရွှေလီချိုင့်ဝှမ်းဂွင်ဟုခေါ်ကြသည့် နမ့်ခမ့်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့် ဆန်၊ မန်တုံ ကြားဂွင်တွင်လှုပ်ရှားခဲ့သည်။ PSLO/PSLA ၏အဓိကမဟာမိတ်မှာ KIA ဖြစ် သည်။ P

SSPP/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

ရှမ်းတိုင်းရင်းသားတို့၏လက်နက်ကိုင်ပုန်ကန်မှုသည် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့ ရှမ်းအရှေ့ မိုင်းတုံမြို့နယ်အတွင်း နွမ်စစ်ဟန် - ရဲရင့်သောလူငယ်စစ်သည်တော်အမည်ဖြင့်ပေါ်ထွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်သည် ရှမ်းပြည်နယ်၌ နှစ်ရာနှင့်ချီ၍ အုပ်ချုပ်ခဲ့သော ရှမ်းစော်ဘွားများ အာဏာစွန့်ခဲ့ရသောနှစ်လည်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်ပုန် ကန်မှုအား ရှမ်းစော်ဘွားတို့အားပေး ကူညီ ထောက်ခံမှုရခဲ့သည်။ စော်ဘွားအနွယ်တော်များ သည်လည်း လက်နက်ကိုင်ပုန်ကန်မှုတွင် ပါဝင်ခဲ့သည်။ ထို့ပြင် နှစ်ရာချီနေသော ရှမ်းစော် ဘွားစနစ်အား ဖျက်သိမ်းလိုက်သောအခါ ဗဟိုအစိုးရသည် မြို့ပိုင်၊နယ်ပိုင်များဖြင့် မြို့ပြအုပ်ချုပ်ရေးအား ကိုင်တွယ်နိုင်သော်လည်း ကျေးလက်ဒေသများ ကိုင်တွယ်နိုင်ခြင်းမရှိဘဲ ကျေးလက်ဒေသ၌အုပ်ချုပ်ရေးလေဟာနယ်ဖြစ်ခဲ့သည်။ ကျေးလက်ဒေသများသည် ရှမ်းလက်နက်ကိုင်တို့၏ ရေခံမြေခံဖြစ်ခဲ့သည်။ ရှမ်းအရှေ့ မိုင်းတုံနယ်တွင် အခြေပြုခဲ့သော ရှမ်း လက်နက်ကိုင်ပုန်ကန်မှုသည် ကျိုင်းတုံ၊ မိုင်းယန်း ၊ မိုင်ပျဉ်းနယ်များသို့၎င်း၊ သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ ရှမ်းတောင်နှင့်ရှမ်းမြောက်သို့၎င်း တိုးချဲ့စည်းရုံးတိုက်ခိုက်ရင်း ပျံ့နှံ့သွားခဲ့ သည်။  သို့သော် မတူသော

PSC/NDAA

Image
 PSC/NDAA (Peace and Solidarity Committee/ National Democratic Alliance Armmy) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ/ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏အရှေ့မြောက်ဖက် ၅၆ မိုင် အကွာရှိ မိုင်းလားဒေသအား ဗဟိုပြု၍အခြေပြုထားပါသည်။ မိုင်းလားဒေသသည် မူလက ဗမာပြည်ကွန်မြူနစ်ပါတီ ၈၁၅ စစ်ဒေသဖြစ်ပြီး ၁၉၇၁ ခုနှစ် နှစ် နှစ်ကုန်ပိုင်းမှစ၍ စတင်အခြေု့ခဲ့သည့် ဒေသဖြစ်သည်။ ဒေသခံ အာခါလယ်သမားပြောက်ကျားများအား အခြေပြု၍ ပေါ်ပေါက်လာသော စစ်ဒေသဖြစ်သည်။ ဒေသတွင်း၌ အာခါ၊ ရှမ်း၊ လွယ် လူမျိုးများနေထိုင်ကြသည်။  ၈၁၅ စစ်ဒေသသည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။ မိုင်းယန်းဆီလူးဒေသရှိ တပ်မဟာ ၇၆၈ နှင့် ပူးပေါင်းပြီး ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် နဝတ နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ရှမ်းပြည်အထူးဒေသ ၄ ဟု သတ်မှတ်ပေးခဲ့သည်။ ၈၁၅ စစ်ဒေသကာလကထဲက တိုက်ပွဲကြီးငယ်များစွာတိုက်ခိုက်သည့် စစ်ရေးအတွေ့အကြုံရှိ သည်။ လက်ရှိခေါင်းဆောင်မှု  ဥက္ကဌ ဦးစိုင်းလင်း ဒုဥက္ကဌ ဦးစမ်ပေ့ ဒုဥက္ကဌ ဦးဆမ်လူ ဒုဥက္ကဌ ဦးထိန်လင်း အတွင်းရေးမှူး ဦးကြည်မြင့် အပါ ကော်မတီဝင် ၁၀ ဦးရှိသည်။ PSC အေ

PR at glance ပီအာ သို့မဟုတ် ရှုံးလဲနိုင်ရမယ်

 ကွန်မင့် - PR စနစ်မှာ မဲတမဲမှမရဘဲနဲ့တော့ ကိုယ်စားလှယ်နေရာ မရနှိုင်ပါ။ threshold လို့ခေါ်တဲ့ အနည်းဆုံးရာခိုင်နှုန်း သတ်မှတ်ထားတဲ့ မဲအရေအတွက်ရပါမှ ကိုယ်စားလှယ် တနေရာ ရမှာဖြစ်ပါတယ် ပီအာရ်စနစ်အကြောင်း ရေးထားတယ်။ ကြာပြီ။ ၂၀၁၅ လောက်က။ အခုစာမှာတော့ ကွက်ကွက်ကွင်းကွင်းဖြစ်အောင် ရေးလိုက်တယ်။ ၂၂-၈-၂၀၁၆ နေ့က ပြည်တွင်းဂျာနယ်တခုမှာလည်း ရေးခဲ့ပါသေးတယ်။ Proportional Representation System အချိုးကျကိုယ်စားပြုစနစ် PR at glance ပီအာ  ၁။ နိဒါန်း ၂။ ပီအာ စနစ်အမျိုးမျိုး ၃။ ပီအာ စနစ်ကို ကြိုက်သူတွေအပြောနဲ့ မကြိုက်သူတွေအပြော ၄။ ပီအာ နိုင်ငံရေးကွက် ၅။ ပီအာ နိုင်ငံရေးအလားအလာ ၆။ ပီအာ စနစ်သုံးနေတဲ့နိုင်ငံများစာရင်း ၇။ နိဂုံး ၁။ နိဒါန်း ကမ္ဘောဒီးယားမှာ နိုင်ငံရေးအပြောင်းအလဲရဲ့ အစပိုင်းလို့ သတ်မှတ်နိုင်တဲ့ ရွေးကောက်ပွဲကို ၂ဝဝ၃ မှာ ကျင်းပတော့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအဖွဲ့ ကာတာ ဖေါင်ဒေးရှင်း နဲ့အတူ လိုက်ပါခဲ့ရဘူးတယ်။ မဲပေးတဲ့ရက်မှာ မဲရုံတွေကို တခုပြီးတခုသွားကြည့်ပြီး၊ မဲရေတွက်တာလဲ လေ့လာစောင့်ကြည့်ကြတယ်။ နိုင်တဲ့သူကို ချက်ချင်းဆိုသလို သိရပေမဲ့ ပီအာ စနစ်ရှိနေလို့ မဲအများဆုံးရသူတိုင်းက အမတ်မဖြစ်သေးဘူး။ တွက်တာ

UWSP/UWSA သို့မဟုတ် ဝ ဒေသ ဝ တပ်ဖွဲ့

 အပိုင်း ၁  ဝ ဒေသသည်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ရှိပြီး တောင်တောင်ထူထပ်သည့်အပြင် အင်္ဂလိပ်ကိုလိုနီခေတ်ကာလကပင် အုပ်ချုပ်ရေးအာဏာမသက်ရောက်ခဲ့သည့်ဒေသဖြစ်သည်။ လွတ်လပ်ရေးရပြီးကာလမှာလည်း ဝ ဒေသသို့ ပြည်မအစိုးရဩဇာအာဏာသက်ရောက်မှုမရှိခဲ့ပေ။ ၁၉၅၀ နောက်ပိုင်း တရုတ်ပြည်မှ စစ်ရှုံးပြီးဝင်ရောက်လာသည့် ကူမင်တန်တပ်များနှင့် နယ်ခံကာကွယ်ရေးတပ်များ၏ ဗိုလ်ကျမှုကို ခုခံတိုက်ခိုက်သည့် ဝ လယ်သမားသူပုန်အဖွဲ့များ သည် ၁၉၆၆ ဝန်းကျင်မှစ၍ ဝ ဒေသတွင်ပေါ်ပေါက်ခဲ့သည်။ ထိုလယ်သမားပြောက်ကျားတပ်ဖွဲ့များတွင် ခွင်းမားဒေသမှ ပေါက်ယိုချမ်း၊ ပေါက်စမ်ပန်းတို့ဦးစီးသည့် ပြောက်ကျားတပ်၊ အိုက်ချိန်ဒေသမှ အိုက်ခိန်း၊ အိုက်ခလုံးတို့ဦးစီးသည့် ပြောက်ကျားတပ်၊ ပန်ဝိုင်ဒေသမှ ကျောက်ညီလိုင်ဦးစီးသည့် ပြောက်ကျားတပ်၊ ဟူစွမ်ဒေသမှ လူရှင်းကော့ဦးစီးသည့် ပြောက်ကျားတပ်တို့မှာထင်ရှားသည်။ ၁၉၆၈ ခုနှစ် နှစ်တန်း ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့များ အရှေ့မြောက်နယ်စပ်သို့ဝင်ရောက်လာသည့်နောက်တွင် ဝ လယ်သမားပြောက်ကျားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဝ လယ်သမားပြောက်ကျားခေါင်းဆောင်များမှတဆင့် ဝ လူထုအားစည်းရုံး သိမ်းသွင်းနိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီထ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (၂)

 တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်သည့် မှတ်ချက်များ ၁။ အထက်ပါအဖွဲ့များအနက် BGF နှင့် ပြည်သူ့စစ်များသည် နစအ တပ်၏လက်အောက်ခံအဖွဲ့များဖြစ်သည်။ ကျန်အဖွဲ့များထဲမှ NCA ထိုးထားသော အဖွဲ့ ၁၀ ဖွဲ့မှလွဲ၍ ကျန်အဖွဲ့များ အားလုံးသည် မတရားသင်းကြေညာခံထားရသည့်အဖွဲ့များဖြစ်သည်။ ထို့ပြင် CRPH/NUG/ PDF တို့အား နစအ ကောင်စီက အကြမ်းဖက်အဖွဲ့များအဖြစ်ကြေညာထားပါသည်။ ၂။ ၂၀၂၁ လူထုလှုပ်ရှားမှုသည် လက်နက်ကိုင်အဖွဲ့ အားလုံးကို ပြင်းထန်စွာဂယက်ရိုက်သည်။ စဉ်းစားစရာအသစ်များပေးသည်။ မည်သို့မည်ပုံရှေ့ဆက်ကြမည်ကို ပြန်လည်သုံးသပ်ကြသည် ကို တွေ့ရသည်။ သို့သော် တဖွဲ့နှင့်တဖွဲ့မတူသည့် စဉ်းစားမှုများကို တွေ့ရသည်။ ၃။ ၂၀၂၁ ဖေဖဝါရီလ အပြောင်းအလဲသည် ကြီးမားသည်။ လက်ညိုးနိုင်ငံရေး အားကောင်း လာသည်။ အဖွဲ့သစ်များ ပေါ်လာနေသကဲ့သို့ အားနည်းသော အဖွဲ့များ လူသစ်များဖြင့် အင် အားတိုးလာနိုင်သည်။  ၄။ နိုင်ငံရေးရည်မှန်းတရပ်ကို အကောင်အထည်ဖေါ်ဖို့ အစပြုသောအခါ လူအနည်းငယ်နှင့်အစပြုလေ့ရှိသည်ကို ကိုလိုနီခေတ်မှစ၍ ယနေ့ကာလအထိ တွေ့မြင်ခဲ့ကြရသည်။ ကိုလိုနီ ခေတ်က ဆယ်ဂဏန်းပင်မပြည့်သောအစုအဖွဲ့တခုက ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းခဲ့ ကြသည်။ လူ ၃၀ က ရဲဘော်သ

စစ်ကောင်စီ ဘာမှားမလဲ…..

 စစ်ကောင်စီဘက်က၊ မေလအကုန်မှာ အားလုံး အပြီးသပ် ပွဲပြီး မီးငြိမ်း၊ ငြိမ်ဝပ်ပိပြားမှုလုပ်ငန်းစဉ်အရပ်ရပ်ကို အမြှီးသိမ်း လုပ်ဆောင်မယ်လို့ မစ်ရှင် ထားခဲ့ပုံရပါတယ်။ ဒါ့ကြောင့် အစီအစဉ် တစ်ရပ်ချင်းစီကို တစ်ရစ်ချင်းစီ ဝက်အူရစ်တင်းပြီး နောက်မဆုတ်တမ်း ဆက်လက် လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ အစီအစဉ်တွေထဲမှာ၊ ထင်မှတ်မထားရဲ့ ဖြစ်ရပ်တွေကြောင့် အထ မ,မြောက်ခဲ့တာတွေ အမြောက်အမြားရှိလာခဲ့ပါတယ်။ ဒါကို မျက်စိစုံမှိတ်ပြီးတော့ ဆင်ကန်းတောတိုး ဆက်လက်လုပ်ဆောင်နေတာကိုလည်း တွေ့နေရပါတယ်။ ဒါတွေဟာ၊ ကိုယ့်ဇာတ်သိမ်းကို ကိုယ့်ဘာသာ ပြင်ဆင်နေခြင်းဖြစ်တယ်ဆိုတာကို တော့ စစ်ကောင်စီဘက်က သတိမူမိဟန် မတူဘူး။ သတိမူမိအုံးတော့၊ ဗဟိုချုပ်ကိုင်မှုနဲ့ အထက်အောက် အဆင့်ဆင့် လုပ်ဆောင်နေရတဲ့ အဖွဲ့အစည်းမျိုးမှာ၊ စစ်ကောင်စီ ခေါင်းဆောင်ကို သိနားလည်အောင် ပြောပြလို့ ရဟန် မတူဘူး။ စစ်ကောင်စီ ထိပ်ပိုင်းအုပ်စုထဲမှာ ဖောက်ပြန်တဲ့ အရပ်သားနိုင်ငံရေးသမားဟောင်းကြီးတွေ ထည့်ထားပေမယ့်၊ ဒီနေ့ ပစ္စုပ္ပန်မှာတွေ့နေရတဲ့ အစီအစဉ်တွေဟာ စစ်ကောင်စီကြိုတင် ရေးဆွဲပြီးသား အစီအစဉ်တွေကိုပဲ တစ်ရစ်ချင်းစီ တိုးလုပ်နေပုံ ရတယ်။ ဒါက ဖြစ်စဉ်ထဲက လုပ်ရပ်။  • ၂၀၂