တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (၂)

 တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်သည့် မှတ်ချက်များ

၁။ အထက်ပါအဖွဲ့များအနက် BGF နှင့် ပြည်သူ့စစ်များသည် နစအ တပ်၏လက်အောက်ခံအဖွဲ့များဖြစ်သည်။ ကျန်အဖွဲ့များထဲမှ NCA ထိုးထားသော အဖွဲ့ ၁၀ ဖွဲ့မှလွဲ၍ ကျန်အဖွဲ့များ

အားလုံးသည် မတရားသင်းကြေညာခံထားရသည့်အဖွဲ့များဖြစ်သည်။ ထို့ပြင် CRPH/NUG/

PDF တို့အား နစအ ကောင်စီက အကြမ်းဖက်အဖွဲ့များအဖြစ်ကြေညာထားပါသည်။

၂။ ၂၀၂၁ လူထုလှုပ်ရှားမှုသည် လက်နက်ကိုင်အဖွဲ့ အားလုံးကို ပြင်းထန်စွာဂယက်ရိုက်သည်။

စဉ်းစားစရာအသစ်များပေးသည်။ မည်သို့မည်ပုံရှေ့ဆက်ကြမည်ကို ပြန်လည်သုံးသပ်ကြသည်

ကို တွေ့ရသည်။ သို့သော် တဖွဲ့နှင့်တဖွဲ့မတူသည့် စဉ်းစားမှုများကို တွေ့ရသည်။

၃။ ၂၀၂၁ ဖေဖဝါရီလ အပြောင်းအလဲသည် ကြီးမားသည်။ လက်ညိုးနိုင်ငံရေး အားကောင်း

လာသည်။ အဖွဲ့သစ်များ ပေါ်လာနေသကဲ့သို့ အားနည်းသော အဖွဲ့များ လူသစ်များဖြင့် အင်

အားတိုးလာနိုင်သည်။ 

၄။ နိုင်ငံရေးရည်မှန်းတရပ်ကို အကောင်အထည်ဖေါ်ဖို့ အစပြုသောအခါ လူအနည်းငယ်နှင့်အစပြုလေ့ရှိသည်ကို ကိုလိုနီခေတ်မှစ၍ ယနေ့ကာလအထိ တွေ့မြင်ခဲ့ကြရသည်။ ကိုလိုနီ

ခေတ်က ဆယ်ဂဏန်းပင်မပြည့်သောအစုအဖွဲ့တခုက ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းခဲ့

ကြသည်။ လူ ၃၀ က ရဲဘော်သုံးကျိပ်ဟူ၍ စစ်တပ်ကိုဖွဲ့စည်းခဲ့သည်။ ယနေ့ကာလများတွင်

လည်း AA/TNLA စသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် လူ ၃၀/၄၀ နှင့်အစပြုခဲ့ကြသည်။

ဤသို့ အစပြုဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများစွာ ရှိခဲ့သည်ကို ပြီးခဲ့သော သမိုင်းကာလများတွင် များစွာ တွေ့ခဲ့ရသကဲ့သို့ ယနေ့ကာလတွင်လည်း တွေ့နေရဆဲဖြစ်သည်။ အချို့အဖွဲ့များက အောင်မြင်ခဲ့ကြသည်။ ကြီးထွားခဲ့ကြသည်။ အခ်ျို့အဖွဲ့များကတော့ ထင်သ လောက်မပေါက်ခဲ့ကြ၊ သာမန်မျှသာဖြစ်ခဲ့ကြသည်။ အချို့ကတော့ ရပ်တည်နိုင်ရုံမျှသာဖြစ်ခဲ့သည်။ အချို့အဖွဲ့များကတော့ ပျက်သုဉ်းသွားကြသည်စသဖြင့် အမျိုးမျိုးတွေ့ကြရသည်။

အောင်မြင်မှု ဆုံးရှုံးမှု ဆိုသည်ကတော့ ထိုအဖွဲ့များကို ခေါင်းဆောင်သည့် လူပုဂ္ဂိုလ်များ၏ အရည်အချင်း၊ လူထုအားစည်းရုံးနိုင်မှုစွမ်းရည်၊ လူထုထောက်ခံမှုရရှိမှု၊ မိမိအင်အားကို စနစ် တကျဖွဲ့စည်းနိုင်မှု၊ ခေါင်းဆောင်နိုင်မှု ၊ ပြည်တွင်းပြည်ပအခြေအနေအကြောင်းအချက်များ၊ နိုင်ငံရေးအလှည့်အပြောင်းများပေါ်မူတည်ဟု ယေဘူယျဆိုနိုင်ပါသည်။

သို့ဖြစ်ရာ နိုင်ငံရေးရည်မှန်းချက်တခုအတွက် လူအနည်းငယ်ဖြင့် အဖွဲ့အစည်းတခု စတင်ဖွဲ့

စည်းသည်နှင့် ထိုအဖွဲ့၏ အလားအလာကို တပ်အပ်ပြောဆိုနိုင်ရန် မဖြစ်နိုင်ပေ။ လျှော့တွက်၍

မရသကဲ့သို့ ပိုတွက်၍လည်းမဖြစ်နိုင်ပေ၊ ဤကား လက်တွေ့ရင်ဆိုင်နေရသည့် နိုင်ငံရေးပင်ဖြစ်သည်။ 

၅။ ၂၀၁၁ မှ ၂၀၂၀ ထိ ၁၀ နှစ်ကာလတွင် ဥပဒေတွင်းနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေး အား ကောင်းခဲ့သည်။ လက်သန်းနိုင်ငံရေး အားကောင်းခဲ့သည်။ အမျိုးသားရင်ကြားစေ့ရေး၊ တွေ့ဆုံ

ဆွေးနွေးရေးအမြင်လွှမ်းမိုးခဲ့သည်။ ၂၀၂၁ မှစ၍ မိမိနိုင်ငံရေးရည်မှန်းချက်ကို အင်အားသုံးအကောင်ထည်ဖေါ်သည့် နိုင်ငံရေးအစပြုလာသည်။ မစေ့စပ်ရေးဖြစ်လာသည်။ ရင်ကြားစေ့ရေး အသုံးမဝင်ဟုမြင်လာကြသည်။ လက်ညိုးနိုင်ငံရေးဖက်သို့အားသန်လာသည်။ ၂၀၂၁ မှ

အစပြုသည့် လက်ညိုးနိုင်ငံရေးသည် မည်သည့်ကာလထိ အားကောင်းမောင်းသန်ဖြစ်သွားမည်ကို ယခုအချိန်တွင် ခန့်မှန်းသုံးသပ်ရန် မဖြစ်နိုင်သေးပေ။ ဤသို့သော မတူသည့်အမြင်များပေါ်ထွက်လာခြင်း ၊ လွှမ်းမိုးမှုခြင်း၊ အားကောင်းမောင်းသန်ဖြစ်လာခြင်းများသည် မြန်မာပြည်လက်တွေ့ဘဝအခြေအနေများမှ ပေါက်ဖွါးလာခြင်းဖြစ်သည်။ ရှောင်လွှဲ၍ မရနိုင်ပေ။ 

လက်ခံသည် လက်မခံသည်။ မှားသည်ဟုမြင်သည်၊ မှန်သည်ဟုမြင်သည်စသည့် အတော မသတ်သည့် ဆွေးနွေးငြင်းခုံမည့်သူများ ၊ အချိန်ကာလများကိုတော့ ကြုံတွေ့ဖြတ်သန်းရပေအုံးမည်။

၅။ ဟန်ချက်မညီခြင်း

ဖက်ဒရယ်အရေး၊ဒီမိုကရေစီရေးတောင်းဆိုချက်များနှင့်ပေါ်ထွက်လာသော လက်နက်ကိုင်

ပုန်ကန်မှုများနှင့် လူထုအုံကြွမှုများသည် တကယ်တမ်းလက်တွေ့တွင် ဟန်ချက်ညီဖြစ်မနေ

ကြပေ။ ဤအချင်းအရာကြောင့် အားမလို အားမရဖြစ်ကြသည်။ ပြသနာမှာ ဦးတည်ချက်တူသည်ဆိုသော်လည်း သဘောသဘာဝနှင့် ဖြစ်တည်လာပုံမတူညီကြသောကြောင့်ဖြစ်သည်။

လက်နက်ကိုင်ပုန်ကန်မှုကို ရွေးချယ်သူတို့အနေနှင့် သဘောတရားအရဖြစ်စေ လက်တွေ့အရ

ဖြစ်စေ ရေတိုအောင်ပွဲခံနိုင်ခြင်းမရှိပေ။ သို့ဖြစ်ရာ လက်နက်ကိုင်ပုန်ကန်သူတို့သည် ၎င်းတို့၏

တိုက်ပွဲအား ရေရှည်လမ်းကြောင်းအဖြစ်ရွေးချယ်ကြရသည်။ လူသူစုဆောင်းခြင်း၊ ရေရှည်

တိုက်ပွဲဝင်နိုင်သူများဖြစ်အောင် စိတ်ဓါတ်ရေးရာအရ တည်ဆောက်ရခြင်း၊ လူသူအင်အားဖြည့်တင်းရန် အမြဲတမ်းစီစဉ်ဆောင်ရွက်နေရခြင်း၊ တပ်ဖွဲ့လေ့ကျင့်မှုအားစီစဉ်ဆောင်ရွက်ရ

ခြင်း၊မိမိတပ်ဖွဲ့အတွက် ဘဏ္ဏာရေးပြသနာကိုထည့်တွက်ရခြင်း၊ ရိက္ခာပြသနာကို ထည့်သွင်းစဉ်းစားရခြင်း၊ လက်နက်ခဲယမ်းရရှိမှု စုဆောင်းမှုအား မပြတ်ဆောင်ရွက်နေရခြင်း၊ မိမိလူအင်

အား၊လက်နက်ခဲယမ်းအင်အားအရ တိုက်ပွဲများကို စီစဉ်ရခြင်း စသည်တို့အပြင် ဆေး၊ဆက်သွယ်ရေး၊ သတင်းထောက်လှမ်းရေး၊ ထိမ်းချုပ်နယ်မြေများအား ကွပ်ကဲရေး၊ အခြေခံဒေသ

တည်ဆောက်ရေး၊ ဒေသအုပ်ချုပ်ရေးစသည့် များ‌ပြားသည့်ပြသနာများကို ရင်ဆိုင်ဖြေရှင်းနေရသည်။ ရေရှည်စစ်ပွဲအတွက်လည်းထည့်သွင်းတွက်ချက်စဉ်စားရသည်။ တဖက်ရန်သူကို တိုက်ခိုက်ချေမှုန်းရန်ပြင်ဆင်ရသကဲ့သို့ မိမိတပ်ဖွဲ့ ရပ်တည်ရေးနှင့်ခုခံကာကွယ်ရေးအားလည်းစဉ်းစားရသည်။ ထိုးစစ်အတွက်စဉ်းစားရသကဲ့သို့ ခွါစစ်နှင့် ခံစစ်အတွက်လည်း စဉ်းစားရသည်။ မိမိခဲယမ်းအင်အားကိုလည်း အမြဲထည့်သွင်းတွက်ချက်နေရသည်။ လက်နက်ခဲယမ်းဆိုသည်က ငွေကြေးရှိတိုင်း ဝယ်ယူရရှိနိုင်သည် မဟုတ်ပေ။

၁၉၄၈ မှ ၁၉၈၈ ခုနှစ်ထိ နှစ် ၄၀ အတွင်း အချိန်ကာလတို ငြိမ်းချမ်းရေးစကားပြောသည်ရှိ

သော်လည်း အချိန်အများစုက စစ်တိုက်သည့်ကာလဖြစ်သည်။ ၁၉၈၉ မှ ၂၀၂၁ ထိ ၃၂ နှစ်ကာ

လသည် ငြိမ်းချမ်းရေးစကားပြောသည့်အချိန်ကာလအချို့လည်းရှိ စစ်တိုက်သည့်ကာလအချို့

လည်းရှိသည့်ကာလဖြစ်သည်။ နှစ်အချို့ စကားဝိုင်းတွင် စကားပြောပြီး နှစ်အချို့ ပြန်လည်တိုက်ခိုက်သည်လည်းရှိသည်။ တဖက်ကငြိမ်းချမ်းရေးစကားပြော တဖက်က တိုက်ပွဲငယ်များ

ဖြစ်နေသည်လည်းရှိသည်။ ငြိမ်းချမ်းရေးစကားပြောပြီး မပြေလည်သော်လည်း စစ်ရေးအရ

တင်းမာမှုသာရှိပြီး တိုက်ပွဲမဖြစ်သည်လည်းရှိသည်။ သို့ဖြစ်ရာ လက်နက်ကိုင်ပုန်ကန်သူများ

သည် လက်နက်ကိုင်ပုန်ကန်မှုတခုတည်းသာ လုပ်တော့သည်မဟုတ်ဘဲ တဖက်ကလက်နက်ကိုင်၍ တိုက်ခိုက်နေသကဲ့သို့ တဖက်က လက်နက်ကို မစွန့်လွှတ်ဘဲ နိုင်ငံရေးစကားဝိုင်းကို အသုံးပြုသည့် နည်းနာကိုလည်း ကျင့်သုံးနေကြသည်။ နှစ်ရှည်လများ စစ်ရေးနှင့် ဖြေရှင်းမရသည်ကို နိုင်ငံရေးစကားဝိုင်းနှင့်ဖြေရှင်းရန် ကြိုးစားနေရသည်လည်းရှိသည်။ 

လူထုအုံကြွမှုဆိုသည်က စနစ်တကျစီမံကိန်းရေးဆွဲ၍ဖေါ်ဆောင်၍ရသည့်အရာမျိုးမဟုတ်ပေ။

အခြေအနေအချိန်အခါနှင့် လူထု၏အထွေထွေမကြေနပ်မှုအပေါ်အခြေတည်၍ ပေါက်ကွဲလာခြင်းမျိုးဖြစ်သည်။ အချိန်ကာလ သတ်မှတ်ထားပြီး ဖေါ်ဆောင်၍ရသည့်အရာမျိုးမဟုတ်ပေ။ ၁၉၈၈ အရေးတော်ပုံကြီး အပြီး ၁၉၉၆ နှင့် ၂၀၀၇ တို့တွင် နှစ်ကြိမ်သာ ပေါ်ပေါက်ခဲ့သည်။ လက်ရှိ ၂၀၂၁ လူထုအုံကြွမှုသည် အများစုမျှော်လင့်ထားသည့် ထည့်သွင်းတွက်ချက်ထားသည့်

အခြေအနေအချိန်အခါမျိုးတွင်ပေါ်ပေါက်လာခြင်းမျိုးမဟုတ်ပေ။ မျှော်လင့်မထားသည့်အခြေအနေတွင် ပေါက်ကွဲထွက်‌‌လာသည်ဟု ဆိုရမည်။ တဖက်ကဆိုရလျင် လက်နက်ကိုင်အဖွဲ့အစည်းများသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်းပါဝင်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်တွင် ပြသနာဖြေရှင်းရန်အတွက် ပြင်ဆင်လုံးပမ်းနေချိန်တွင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့ဖြစ်ရာ လက်နက်ကိုင်ပုန်ကန်ထကြွမှုနှင့် လူထုအုံကြွမှုတို့သည် ဟန်ချက်ညီမဖြစ်နိုင်ခဲ့ပေ။ မည်သို့

ဆိုစေ လက်တွေ့တည်ရှိနေသည် ပကတိအခြေအနေများပေါ်တွင် မျက်မှောက်ပြုရန် လိုအပ်

ပါသည်။ မတူညီသော သဘောသဘာဝတို့ကို နားလည်နိုင်ရန် လိုပါသည်။

၆။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပြီးလေ့လာသုံးသပ်ပါက အဆိုပါတိုင်း

ရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာ‌ေရး၊စီးပွါးရေး၊ လူမှုရေး စသည့်ကိုယ်ပိုင်လက္ခ ဏာ ထူးခြားမှုများကို လေ့လာရန်လိုအပ်သည်။ ထို့့ြင် ၎င်းတို့၏လက်နက်ကိုင်ပုန်ကန်မှု

များနှင့်ပတ်သက်သည့် သမိုင်းကြောင်း၊ လက်ရှိ အဖွဲ့အစည်း၏ ဘဏ္ဏာရေးအခြေအနေ၊ လူသူလက်နက်အင်အားနှင့်အလားအလာ ၊ အဖွဲ့တခုချင်းစီနှင့် တဖွဲ့နှင့်တဖွဲ့ ဆက်စပ်နေသည့် မြေအနေအထား၊ အဖွဲ့အစည်း၏ ခေါင်းဆောင်မှုနှင့် စည်းရုံးဖွဲ့စည်းမှုအခြေအနေ၊ ပြီးခဲ့သော ဆယ်နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်မှု၊ သူတို့၏ နိုင်ငံရေးရည်ရွယ်ချက်နှင့် 

လက်ရှိအခြေအနေတို့ကို ထည့်သွင်းစဉ်းစားသုံးသပ်ရန်လိုသည်။ တိုင်းရင်းသားလက်နက်ကိုင်

တဖွဲ့ချင်း၏ ထူးခြားချက်နှင့် တဖွဲ့နှင့်တဖွဲ့ကြား မတူသည့်ခြားနားချက်များကို နားလည်သဘောပေါက်ရန်လိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုသည်နှင့် တပြေးညီမဟုတ်သည်ကို နားလည်ရန်လိုအပ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ကြည့်မြင်ရာ တွင် ပကတိလက်တွေ့အခြေအနေကို မျက်မှောက်မပြုဘဲ မိမိဆန္ဒ၊ မိမိလိုဘ၊ မိမိဖြစ်စေချင်သည့်ရည်ရွယ်ချက်အပေါ်မှ ကြည့်မြင်ပါက မှန်ကန်စွာ ကြည့်မြင်နိုင်မည်မဟုတ်ပေ။ 

၇။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အနည်းဆုံး ၁၀ နှစ်ကျော်မှ အနှစ် ၇၀ ကျော်ထိ လက်နက်ကိုင်တိုက်ပွဲအတွေ့အကြုံရှိခဲ့ကြသူများဖြစ်သည်။ အနိမ့်အမြင့်အတက်အကျ များစွာ

ကြုံတွေ့ခဲ့ဘူးသူများဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ဘူးကြသူများဖြစ်

သည်။ မည်သည့်အချိန် ဆွေးနွေးပွဲစကားဝိုင်းသွားမည်၊ မည်သည့်အချိန် စစ်မြေပြင်သွားရမည်ဆိုသည့် အတွေ့အကြုံရှိသူများဖြစ်သည်။ သူတို့သည် စာတွေ့ထက် လက်တွေ့ အတွေ့ အကြုံများစွာရှိသူများဖြစ်သည်။ မြန်မာပြည်လက်တွေ့ပြသနာဖြေရှင်းရန် ဆီးရီးယား၊ ဘောစနီးယားတို့ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အတွေ့အကြုံများက ပို၍ အရေးပါလိမ့် မည်ဟုသုံးသပ်ရပါသည်။

၈။ တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တပ်ဖွဲ့များဆိုသည်မှာ ၎င်းတို့၏ တိုင်းရင်းသားလူမျိုး၊ တိုင်းရင်းသားဒေသ၊ ပြည်နယ်၏ အခွင့်အရေး၊ ရပိုင်ခွင့်၊ အကျိုးစီးပွါးကိုရှေ့ရှုသည့် နိုင်ငံရေး

ရည်ရွယ်ချက်များအပေါ် အခြေပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်ကို သဘောပေါက်ရန် လိုအပ်ပါသည်။ 

၉။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏သမိုင်းကြောင်းသည် ရှည်လျားသည်။ စစ်ပွဲများ

စွာနှင့် အနာတရများစွာ၊ နာကျင်မှုများစွာ၊ နာကျည်းချက်များစွာရှိသည်။ အလွယ်တကူ အပေါ် ယံ ကောက်ချက်ချ ရန်မဖြစ်နိုင်ပါ။ စနစ်တကျလေ့လာမှု၊ ကိုယ်ချင်းစာ နားလည်ပေးမှု

များစွာလိုအပ်ပါသည်။ 

ပြီးပါပြီ

မောင်မောင်စိုး


Comments

Popular posts from this blog

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

PSC/NDAA