လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်(၁၉၉၀) ကအကြောင်း
သမိုင်းဆိုတာမေ့ပျောက်၍မရသလို ပြီးခဲ့တဲ့သမိုင်းကိုဘဲ ပြန်လေ့လာသုံးသပ်ပြီး သတိထားဆင်ခြင်တာတို့ သခ်န်းစာယူတာတို့လုပ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် နောက်ထပ်အမှားတွေကြုံရနိုင်တယ်။
ဒါကတော့...
ပြည်တွင်းမှာ ၁၉၉၀ မေလရွေးကောက်ပွဲလုပ်ပြီး NLD အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ခင်ညွှန့်တို့ကအာဏာမလွှဲပေးဘဲ ၁/၉၀ ထုတ်ပြီးဝေ့လည်ကြောင်ပတ်လုပ်နေချိန်...
နဝတ ကပေးထားတဲ့ဂတိမတည်တော့ ကျွန်တော်တို့လူငယ်များကလည်း ဒီအတိုင်းအာဏာလွှဲမှာမဟုတ်ဘူးဆိုတာသိနေတော့ လက်နက်ကိုင်တော်လှန်ချင်စိတ်ထနေတာကတဖွါးဖွါး။ ယ္ခုကာလ မြန်မာပြည်သူတွေခံစားချက်နဲ့ တထပ်ထဲ။
ဒီလိုအချိန်မှာ ပြည်တွင်းမှာ သီးခြားတော်လှန်ရေးအဖွဲ့ ဖွဲ့ဖို့ဆိုပြီး "ရွှေထီး" ဆိုသူတယောက် ထိုင်းဖက်ကနေ ကျွန်တော်တို့ကမ်းရိုးတမ်းမြို့ကိုရောက်လာတယ်။
အေဘီအက်စ်ဒီအဲ့ဖ် ဥက္ကဌအဖြစ် ကိုထွန်းအောင်ကျော်နှင့် ကိုမိုးသီး အလွှဲအပြောင်းလုပ်ပြီးကာစ...
အေဘီအက်စ်ဒီအဲ့ဖ် ဥက္ကဌကိုထွန်းအောင်ကျော်မှသူ့ကိုတာဝန်ပေးလိုက်တယ်ဆိုပြီး လာတာဖြစ်တယ်။ ပါးစပ်နဲ့ပြောယုံတင်မဟုတ်ဘဲ အေဘီ letterhead နဲ့ ကိုထွန်းအောင်ကျော်လက်မှတ်နဲ့လာတာဖြစ်တယ်။
အဲဒီတုန်းကကျွန်တော့်ရဲ့ခံစားချက်ဟာ အခုလူငယ်တွေခံစားနေရတာနဲ့အတူတူဘဲ။ ရေငတ်တုန်း ရေတွင်းထဲကျသလိုဘဲ။ နဝတကအာဏာမလွှဲတော့ ချမယ် တိုက်မယ် တော်လှန်မယ် ဒါဘဲလုပ်ချင်တော့တာ။
အဲဒီတုန်းက NLD ဟာလက်နက်ကိုင်လမ်းစဉ်မလိုက်သလို ကျွန်တော့်စိတ်ဆန္ဒကိုလည်း ပါတီလူကြီးတွေကသိနေတော့ ခပ်ကင်းကင်းနေဖို့၊ ပါတီလမ်းစဉ်အတိုင်း ဥပဒေဘောင်ထဲကလုပ်ဖို့ဘဲပြောကြတယ်။
အဲဒီတုန်းကစုဖွဲ့မှုဟာ မြို့နယ်စု ပုံစံဖြစ်သလို၊ မြိတ်မြို့နယ်စုမှာ ၆ မြို့နယ်ရှိတယ်၊ ကျွန်တော်ဟာမြို့နယ်လူငယ်တာဝန်ခံဖြစ်သလို အီးစီရဲ့ စည်းရုံးရေးဌာနအဖွဲ့ဝင်လည်းဖြစ်တယ်။ (အဲဒီတုန်းက အီးစီကို အုပ်ချုပ်ရေး၊ စည်းရုံးရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ လူထုလူတန်းစား စတဲ့ဌာနတွေအပါအဝင် လူငယ်၊ အမျိုးသမီးစတဲ့ဌာနတွေနဲ့ဖွဲ့တာဖြစ်တယ်)။ တနသ်ာရီတိုင်းလူငယ်စည်းရုံးရေးကော်မတီဝင်လည်းဖြစ်တယ်။ ရန်ကုန်ရုံးချုပ်မှာလုပ်မယ့် ပထမအကြိမ်လူငယ်ညီလာခံကို တိုင်းကိုယ်စားလှယ်အဖြစ်တက်ဖို့အသွား မြိတ်လေဆိပ်မှာထောက်လှမ်းရေးကဖမ်းပြီးပေးမသွားလို့ ပုလောကကိုယ်စားလှယ်တယောက်ကိုအမြန်ခေါ်ကာ သဘ်ောနှင့်ရန်ကုန်ကိုလှို့ဝှက်တက်ပြီး အဲဒီညီလာခံသွားတက်၊ (အဲဒီတုန်းက ဟားခါး၊ တောင်ကြီး၊ မြစ်ကြီးနားဆိုပြီးသဘ်ော ၃ စီးရှိတယ်။ အခုအဲဒီသဘ်ောကို ယ္ခု မအလ လက်ထက်မှာဆေးဖြူသုတ်ပြီး ရေတပ်သုံး ဖရီးဂိတ် ဆိုပြီးလုပ်ထားတယ်)။ ကျွန်တော်တို့အခြေအနေကို သူကဟိုမှာပြောပြတာပေါ့။
ဒါကြောင့် အဖမ်းခံရတဲ့ကျွန်တော်တို့ကို လူငယ်တာဝန်ခံနှင့် အထွေထွေအတွင်းရေးမှုးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ တိုင်းစည်းရုံးရေးမှာတာဝန်ပေးတယ်။
ရုံးသော့အားလုံးကျွန်တော်ဘဲကိုင်ထားသလို အဲဒီ ရွှေထီး ကိုဘယ်သူမှမသိစေဘဲ ရုံးမှာဘဲကျွန်တော်ထားတယ်။ ခင်ညွှန့်တို့ စောမောင်တို့ကိုလှုပ်ကြံသတ်ဖြတ်ဖို့ကိစ္စ၊ ဖေါက်ခွဲရေးလုပ်ဖို့ကိစ္စ၊ စုဖွဲ့မှုကိစ္စတွေကို သူနှင့်ကျွန်တော် ညဘက်ရုံးမှာဆွေးနွေးတယ်။ အဲဒီတုန်းက အီးစီလည်းဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ကျွန်တော်နှင့်အပြန်အလှန် ခင်မင်ယုံကြည်ရဆုံးဖြစ်တဲ့ ဦးဉာဏ်အေးကို မြို့ပြင်ရာဘာတောထဲမှာ အခြားအီးစီတွေမသိစေဘဲ ရွှေထီးနှင့် ကျွန်တော်တို့ ၃ ယောက်ထဲလှို့ဝှက်စွာတွေ့ပြီးဆွေးနွေးကြတယ်။
အဲဒီလိုဆွေးနွေးပြီးနောက်ရက်မှာ ရွှေထီးပျောက်ချင်းမလှ ရုံးမှပျောက်သွားတယ်။ မနက်အစောကြီးကျွန်တော်ရုံးကိုလာတော့ သူမရှိတော့ဘူး။ နောက်ပိုင်းမှသိရတာက အခြားလူတွေနဲ့လည်း ခိုးပြီးလိုက်တွေ့သလို ရန်ကုန်ကို တိတ်တဆိတ်တက်သွားပြီး ချိုချိုကျော်ငြိမ်းတို့နှင့်သွားတွေ့တယ်ဆိုတာသိလိုက်ရတယ်။ တကယ်က ကျွန်တော်နှင့်ရှိနေစဉ် လှို့ဝှက်စွာနေနိုင်ရေးနှင့် သူ့ရဲ့လုံခြုံရေးကိုတာဝန်ယူပေးထားရတဲ့ ကျွန်တော့်ကို အသိမပေးဘဲ သူကလှုပ်ရှားနေတာဖြစ်တယ်။
နောက်တော့ သူက ရန်ကုန်ကနေ ချိုချိုကျော်ငြိမ်းတို့နှင့်တွေ့ပြီး ထိုင်းနယ်စပ်ကိုပြန်၊ ပြီးရင် အမေရိကန်ကိုရောက်။
မြန်မာပြည်မှာတော့ တသီတတန်းကြီးထောင်ထဲဝင်ပေါ့။
ကျွန်တော်တို့မြိတ်က အီးစီအားလုံး (ဌာနတခုချင်းစီရဲ့ ပ၊ ဒုတာဝန်ခံအားလုံး)၊ ချိုချိုကျော်ငြိမ်းအပါအဝင် ရန်ကုန်မှာ သူနဲ့တွေ့ခဲ့တဲ့လူအားလုံး ထောင်နန်းစံလိုက်ရတယ်။ သူ့ကြောင့်ကျွန်တော့်မြို့ကလုပ်ဖေါ်ကိုင်ဖက်တွေ ထောင် ၇ နှစ်မှ ၁၂ နှစ်အထိကျတယ်။ ကျွန်တော်အမျိုး အကိုဝမ်းကွဲ ထောင်ထဲမှာသေတယ် (သူ့သားကပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအမတ်အရွေးခံရတယ်)။ ကျွန်တော့်အဖေကို ဖမ်းပြီးပြန်ပေးဆွဲတယ်၊ အခြားအမှုတွေတပ်တယ်၊ အဖမ်းခံရတဲ့မိသားစုတွေအားလုံးဘဝပျက်တယ်။
ကျွန်တော်လည်း အဖမ်းခံထားရာကနေ အပြေးကောင်းလို့ မသေဘဲ အေဘီထဲရောက်တာ။ ဒါတောင် ကျွန်တော့်မျက်ကွယ်မှာချတဲ့အမိန့်က မာရှယ်လော သေဒါဏ်တဲ့၊ တွေ့တဲ့နေရာပစ်သတ်တဲ့။
နောက်တော့ စစ်ကြောရေးမှာထောက်လှမ်းရေးက အဖမ်းခံရသူတွေကိုဘာပြောလဲဆိုရင်...
"ခင်ဗျားတို့အမှန်မပြောလည်းရတယ်၊ ခင်ဗျားတို့အကြောင်းအားလုံးကို ရွှေထီးပြောထားပြီးပြီတဲ့..."
ဘယ်လောက်ရင်နာစရာကောင်းလိုက်လဲ။
ဒီအကြောင်းတွေကိုချက်ချင်းသိရတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ အစိုးရအပြောင်းအလဲဖြစ်ပြီး NLD လွှတ်တော်ထဲရောက်လို့ ကျွန်တော်မြန်မာပြည်ပြန်ရောက်မှ အဲဒီလုပ်ဖေါ်ကိုင်ဖက်တွေနဲ့တွေ့ပြီး သူတို့ပြောပြလို့သာ ဒီအခြေအနေမှန်တွေကိုသိရတာဖြစ်တယ်။
တချို့တချို့သောလုပ်ဖေါ်ကိုင်ဖက်တွေသေကုန်ပြီ။ တချို့တချို့သက်ရှိထင်ရှားရှိနေသေးတယ်။ ရွှေထီးလည်း အမေရိကားမှာရှိတယ်လို့သိရတယ်။ ၁၉၉၀ မြန်မာပြည်မှာသူနဲ့တွေ့ပြီးနောက်ပိုင်း လုံးဝလည်းအဆက်အသွယ်မရှိဘူး၊ သူ့ကိုလည်းမဆက်သွယ်ဘူး။ ဆက်သွယ်စရာအကြောင်းလဲမရှိဘူး။
ဒါကြောင့်အားလုံးသတိထားကြပါ။ ပြီးခဲ့တဲ့သမိုင်းကိုသခ်န်းစာယူပါ။ ရန်သူမှာ ဂျိုပါတာမဟုတ်ဘူး။
ရွှေထီးကိုပုဂ္ဂိုလ်ရေးမထိခိုက်စေလိုပေမယ့် အခြေအနေ အချိန်အခါအရ ကြုံကြိုက်လို့ မိတ်ဆွေများကိုအသိပေးခြင်းသာဖြစ်ပါတယ်။
အထက်ပါအကြောင်းအရာများအတွက်မဟုတ်မမှန်ဘူးလို့ထင်ပါက ကာယကံရှင်အပါအဝင် မည်သူမဆိုအချိန်မရွေးကျွန်တော်နှင့်ရှင်းနိုင်တယ်။
ပြောစရာတွေလည်းအများကြီးရှိသေးမယ့် အလျဉ်းသင့်သလိုဘဲ အခြေအနေအချိန်အခါပေါ်မူတည်ပြီးဘဲပြောပါမယ်။
အောင်ပွဲဆီသို့...
အရေးတော်ပုံ အောင်ရမည်။

Comments
Post a Comment