နွေဦးမုန်တိုင်း



 အာဏာသိမ်းမှုအပြီးမြန်မာပြည်မြေပုံပေါ်က လက်နက်ကိုင်တိုက်ပွဲဖြစ်တဲ့နေရာတွေပါ။
အဝါရောင်တွေက EAOs တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေဖြစ်ပြီး၊ အပြာရောင်တွေက တူမီးစစ်သည်တို့ရဲ့ စစ်မြေပြင်ပါ။
EAOs တွေထဲမှာ ကေအိုင်အေ၊ ကေအင်ယူ၊ တအောန်း၊ ကိုးကန့် တပ်ဖွဲ့တွေနဲ့ စကစ တို့ဖြစ်တဲ့စစ်ပွဲနေရာတွေပါ။ ရှမ်းနှစ်ဖွဲ့ဖြစ်နေတဲ့ နာင်ချို/ကျောက်မဲခွင်ကိုတော့ ထည့်မမှတ်တော့ပါဘူး။ (အဲ့ဒီတိုက်ပွဲတွေက နွေဦးတော်လှန်ရေးနဲ့ မပတ်သက်လို့ပါ)
ကချင်မှာဖြစ်နေတဲ့တိုက်ပွဲတွေထဲမတော့ (ရခိုင်နဲ့ ချင်း) ရဲဘော်တွေပါ ပါတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲ့ဒီမှာ အခြေစိုက်နေတဲ့ အေဘီအက်စ်ဒီအက်ဖ်လည်း ပါပုံရပါတယ်။ ကေအင်ယူ နဲ့လည်း နောက်ရခိုင်အေအေ တပ်ဖွဲ့တစ်ခု ပူးပေါင်းပြီး တပ်မဟာ၅ ခွင်ထဲမှာ တိုက်ပွဲဝင်နေပါတယ်။
အပြာရောင် တူမီးစစ်သည်တွေရဲ့ တိုက်ပွဲကတော့ ချင်း(မြောက်)၊ ချင်း(တောင်)နဲ့၊ ချင်းတွင်းမြစ်နားက ယင်းမာပင်၊ ကနီမြို့နယ်တွေမှာ တွေ့ရပါတယ်။
ရှမ်းတောင်၊ မြန်မာပြည်အလယ်ပိုင်း၊ ဧရာဝတီ နဲ့ ရခိုင်မှာတော့ ခုထိ၊ လက်နက်ကိုင်တွေဆီကရော ပြည်သူတွေဆီကပါ သေနတ်သံ မပေါက်သေးပါဘူး။
ပီဒီအက်ဖ် အသက်ဝင်လာရင်တော့ နေရာအနှံ့မှာ သေနတ်သံတွေများ ကြားရမလား တွေးမိပါတယ်။
မြန်မာပြည်သူ/သားတွေကတော့ ဘရိတ်မပါတဲ့ ပြည်တွင်းစစ်ကားကြီးပေါ်မှာ တက်ထိုင်နေကြပါပြီ။



2021 နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် တိုက်ပွဲပြင်းပြင်းတွေကို ကလေးမြို့ တာဟန်းရပ်ကွက်က စတယ်ထင်တယ်။ အဲ့ဒီနောက် တမူး။ ခု မင်းတပ်၊ မတူဘီ၊ ထီးလင်းတွေမှာ တိုက်ပွဲတွေဖြစ်တယ်။ မင်းတပ်ဆိုရင် သူ့မြို့ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တာတွေ့ရတယ်။ မြင်းခြံ ခံတပ်တွေကလည်း နာမည်ကျော်ခဲ့တယ်။ ပဲခူးက မဂ္ဂတစ်လမ်းမကြီးရောပေါ့။
ဒီရက်ပိုင်းတွေမှာ  အဖြူရောင်စက်ဝိုင်းထဲက ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်က ရွာတွေ တိုက်ပွဲသတင်းတက်နေတယ်။ တကယ်က အဲ့ဒီရွာတွေမှာ ရွာလုံးကျွတ်တောထဲတိုး (မိုးထဲရေထဲမှာ) နေနေရတဲ့ လူဦးရေက သောင်းချီနေပြီ။ မြန်မာပြည်အလည်ပိုင်းမှာ စစ်ပြေးတွေရှိခဲ့တဲ့ သမိုင်းတွင်သွားတာပေါ့။
သူ့နေရာအထက်ဘက်က တန့်ဆည်၊ ဒပဲယင်း၊  ဝက်လက်တို့ကလည်း လက်နက်ကိုင်စွဲ ရသမျှ နှိပ်ကွပ်ဖြိုခွဲနေကြတာပဲ။
အင်တာနက်ခေတ်ကြီးပေမယ့် သတင်းရင်းမြစ်တွေက တစ်ခုနဲ့ တစ်ခု မတူပြန်ဘူး။ ဘယ်ဟာမှန်တယ်ဆိုတာ သုံးသတ်ဖို့ခက်လာတယ်။ ဒါပေမယ့် အချက်အလက်အနေနဲ့တော့ စုရပြန်တယ်။
ခု ရတဲ့ သတင်းလေးပါ။ ဖတ်ပါ။ ချင့်ချိန်ပါ။ အခြားချိန်ညှိလို့ရမယ့် သတင်းတွေနဲ့ ညှိယူပါ။
တော်လှန်ရေးကတော့ တကယ်စနေပြီ။ ဘယ်လောက်အရှိန်ကောင်းကောင်း တောက်လောင်နိုင်မလဲသာ မသိတာ။
အပြာရောင်စက်ဝိုင်းတွေက တော်လှန်ရေးဧရိယာဝန်းကျင်က မြို့တွေကို ပြပေးထားတာပါ။
မြေပုံကြည့်ပါ။ တော်လှန်သူတွေကို အားပေးပါ။
သတင်းက ဒီလို။
.......
သွေးရဲတဲ့ ကနီမြို့သတင်း ...
ကနီမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကနီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲသတင်းမှန်က စစ်ကောင်စီက သတင်းထုတ်ပြန်သလို ရေကြောင်းကနေ တပ်ပြောင်းရွှေ့လာတဲ့ စခတပ်ကို ပြည်သူတွေက စောင့်တိုက်တာ မဟုတ်ဘူး။ 
ယခင်ရက်တွေမှာ အထိနာထားခဲ့တဲ့ အကြမ်းဖက် စခတပ်တွေ ပြန်လာနိုင်မယ်ဆိုတာကို သိလို့ ပြည်သူ့ကာကွယ်ရေး တပ်တွေက ကားလမ်းတွေကို ပိတ်ဆို့စောင့်ဆိုင်းနေကြချိန်မှာ  
ကောက်ကျစ်ဉာဏ်များတဲ့ စခတပ်တွေက သင်္ဘောသုံးစီး အင်အား ၄၀၀ လောက်နဲ့ စစ်ဗျူဟာမှူး ကိုယ်တိုင်ဦးစီးပြီး ချင်းတွင်းမြစ်ကို ဆန်တက်ကာ ကနီမြို့ရဲ့ မြစ်အရှေ့ဘက်က ရွာသာရွာ၊ ဝက်ချောင်းကြီးရွာ စတဲ့ရွာတွေကို ဝင်ရောက်လာပြီး တွေ့သမျှ လူငယ်တွေကို လိုက်လံဖမ်းဆီး နေအိမ်တွေကို လုယက်ဖျက်ဆီးခဲ့ကြတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်မှာ ကျေးရွာတွေက လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မနေ့ကတော့ ကာကွယ်ရေးတပ်တွေ အင်အားပြန်စုရုံးကာ နယ်ကျွံလာကြတဲ့ အကြမ်းဖက်စခတပ်တွေကို တူးမီးဆွမ်းအပြင်၊ နာနတ်သီး အချိုပွဲပါ ဝိုင်းကပ်လိုက်ကြတာ စခတပ်က ယာယီ တပ်ရင်းမှူးတာဝန်နဲ့ ရွာတွေထဲကို ဦးဆောင်လာတဲ့ ဗိုလ်မှုးသန့်စင်မြင့်(ခေတ္တတပ်ရင်းမှုး)အမှတ် ၄၀၄၊အမြောက်တပ်ရင်းနှင့် နောက်လိုက်နောက်ပါ အရာရှိအရာခံ အကြပ်တပ်သား ၃၀ ဦးလောက်ကို မြေဩဇာအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့ကြပြီး 
ကနီပြည်သူ့ကာကွယ်ရေး တပ်မှ အသက် ၂၅ နှစ်အရွယ် မောင်ကျော်စွာဖြိုး အထက်ကင်းရွာမှ လူငယ်တစ်ဦး ကနီမြို့နဲ့ တိုင်းပြည်အတွက် ရဲဝံ့စွာ ကျဆုံးသွားခဲ့ရပါတယ်။ 
အကြမ်းဖက် စခတပ်ကို နေ့စဉ်မြို့နယ်အနှံ့မှာ ခုခံတော်လှန်နေကြတဲ့ ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်နေကြောင်းကိုလည်း ချင်းတော်လှန်ရေး တပ်ဖွဲ့များက မနေ့က ၆.၀၅.၂၀၂၁ မှာကြေညာချက်ထုတ်ခဲ့ကြပါတယ်။

Copied from Nyein Aye Eain Facebook

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။