တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

 အပိုင်း ၁

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အကြောင်းအား ရေးသားဖေါ်ပြပြီးဖြစ်ပါသည်။

ထိုအဖွဲ့ ၁၁ ဖွဲ့ကတော့ သူတို့၏အင်အား၊ သူတို့၏လုပ်နိုင်စွမ်း၊ သူတို့၏ဖြတ်သန်းမှုများ

ပေါ်မူမည်၍ လက်ရှိ ပြည်တွင်းစစ်နှင့်ပြည်တွင်းငြိမ်းချမ်းရေးတွင် အရေးပါသည့်အဖွဲ့များဟု

ဆိုရမည်။ သို့သော် မြန်မာပြည်တွင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကျန်နေသေး

သည်။ ထိုအဖွဲ့များနှင့်ပတ်သက်၍ အကြမ်းပြင်းဖေါ်ပြသွားပါမည်။

NCA ထိုးထားသောအဖွဲ့များ

၁။ DKBA

၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်သည့်အဖွဲ့ဖြစ်သည်။ ၂၀၀၈/၉ ခုနှစ် BGF နယ်ခြားစောင့်တပ်ဖွဲ့ခြင်းကို လက်မခံခဲ့၍ BGF ဖွဲ့ခြင်းကိုလက်ခံသော စောချစ်သူတို့နှင့် ထပ်မံကွဲထွက်သော အဖွဲ့ဖြစ်သည်။ ထိုစဉ်က အင်အား ၁၅၀၀ ခန့်ရှိသော်လည်း DKBA အချင်းချင်းထပ်မံကွဲထွက်၍အင်အားလျော့သွားသည်။ လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည်။ PPST တွင်ပါဝင်သည်။ DKBA ၏အင်အား ရာဂဏန်းအချို့ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင် စောမိုးရှေးခေါင်း‌ေဆာင်သည်။ နစအ ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီနှင့် ၂၀၂၁ ဧပြီလ ၂၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံထားသည်။

၂။ KNU/KNLA-PC

KNU မှ ၂၀၀၇ ခုနှစ် ဇန္နဝါရီ ၃၁ ရက်တွင် ခွဲထွက်သော တပ်မဟာ ၇ စောဌေးမောင် ခေါ် ဗိုလ်

ထိန်မောင်အဖွဲ့ဖြစ်သည်။ ယခုအခါ စောဌေးမောင်ကွယ်လွန်သွားပြီဖြစ်သည်။ လက်ရှိတွင် နော်ကပေါ်ထူး( ဗိုလ်ထိန်မောင်၏သမီး) က အတွင်းရေးမှူးအဖြစ်တာဝန်ယူထားသည်။ အင်

အား ၁၀၀ ခန့်သာ ရှိသည်ဟုဆိုသည်။ လက်နက်ကိုင်အင်အားနည်းပါးသည်။ ၂၀၁၅ တွင် NCA လက်မှတ်ရေးထိုးပြီး PPST တွင်ပါဝင်သည်။ KNU/KNLA-PC နှင့် နစအကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီတို့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

၃။ CNF/CNA

CNF ခေါ် ချင်းအမျိုးသားတပ်ဦးမှာ ၁၉၈၈ နောက်ပိုင်းတွင် ပေါ်လာသောအဖွဲ့ဖြစ်သည်။

လက်ရှိဥက္ကဌဖြစ်သူမှာ ပူဇင်ကျုံးဖြစ်ပြီး စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်လှထွန်း ဟုသိရသည်။

 CNF ဌာနချုပ်မှာ ဟာခါးအနောက်ဖက် အိန္ဒိယနယ်စပ်အနီးတွင် ရှိသည်။ ယခင်က အင်အားရာဂဏန်းရှိသည်။အစိုးရ/တပ်နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ဘူးခြင်းမရှိပါ။ ၂၀၁၅ တွင် NCA လက်မှတ်ရေးထိုးထားပြီး PPST တွင်ပါဝင်သည်။ သို့သော်CNF ၏ခေါင်းဆောင်တဦးဖြစ်သူဒေါက်တာ ဆလိုင်းလျံမှုံးဆခေါင်သည် ၂၀၂၁ ခုနှစ်တွင် CRPH က ဖွဲ့စည်းသည့် NUG အစိုးရတွင် ဖက်ဒရယ်ရေးရာ ဝန်ကြီးအဖြစ်တာဝန်ယူနေသည်။ ၂၀၂၁ မေလဆန်းတွင် CNF/CNA မှ အကျ အဆုံးရှိကြောင်း သတင်းများတွေ့ရသည်။  ကချင်ပြည်နယ် အလော့ဘွမ်တိုက်ပွဲတွင်ကျဆုံးသည်ဟုသိရသည်။ လက်ရှိ ၂၀၂၁ တွင် အင်အားတိုးလာသည်ဟုဆိုသည်။ လက်ရှိတွင် တပ်မဟာ ၆ ခုနှင့် ပြည်သူ့စစ်

အင်အား ၂၀၀၀ ခန့်ထိစုဖွဲ့နိုင်သည်ဟု မြေပြင်သတင်းများအရ သိရပါသည်။

၄။ LDU

လားဟူတို့၏ ပုန်ကန်မှုသည် ၁၉၈၃ ခုနှစ်က အစပြုသည်။ လားဟူပုန်ကန်မှုများသည် ရှမ်း

အရှေ့ မိုင်းဆတ်နယ်အတွင်း အားကောင်းခဲ့သည်။အဖွဲ့အစည်းအမည်အား အပြောင်းအလဲများရှိခဲ့ပြီး ယခုအခါ LDU ဟုခေါ်သည်။ လက်ရှိတွင် လက်နက်ကိုင်တပ်အင်အား မရှိသလောက်ဖြစ်ပြီး ထိုင်းနယ်စပ် ထိုင်းနယ်မြေအတွင်းအခြေပြုသည်။ လက်ရှိတွင် ဥက္ကဌ ကြာခွန်ဆာကခေါင်းဆောင်သည်။ ၂၀၁၈ ခုနှစ်တွင် NMSP နှင့်အတူ NCA လက်မှတ်ရေးထိုးထားသည်။

PPST တွင်ပါဝင်သည်။

၅။ PNLO/PNLA

မူလ ပအိုဝ်း လက်နက်ကိုင်အဖွဲ့များ ကွဲထွက်လာသောအဖွဲ့ဖြစ်သည်။ လက်ရှိတွင် ခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းတို့ခေါင်းဆောင်သည်။ အင်အား ရာဂဏန်းရှိပြီး မောက်မယ်နယ်တွင်လှုပ်ရှားမှုရှိသည်။ ၂၀၁၅ တွင် .NCA လက်မှတ်ရေးထိုးခဲ့ပြီး PPST တွင်ပါဝင်သည်။

၆။ ALP/ALA

၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ KNU ၏အကူအညီဖြင့်ဖွဲ့စည်းခဲ့သောအဖွဲ့ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့ပြီး PPST တွင် ပါဝင်သည်။ ဥက္ကဌ ခိုင်ရဲ

ခိုင်၊ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် တို့ခေါင်းဆောင်သည်။ KNU နယ်မြေနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အင်အားအနည်းငယ်စီရှိသည်ဟုသိရသည်။ စတင်ဖွဲ့စည်းသည့် အစောပိုင်းကာလက လှုပ်ရှားမှုအား ကောင်းခဲ့သော်လည်း ယခုအခါလှုပ်ရှားမှု မရှိသလောက်နည်းပါးသည်။

၇။ ABSDF

၁၉၈၈ အရေးတော်ပုံအပြီး ဖွဲ့စည်းသည့် ကျောင်းသားတပ်မတော်ဖြစ်သည်။ တိုင်းရင်းသား

လက်နက်ကိုင်အဖွဲ့မဟုတ်သော်လည်း KNU ၊ NMSP ၊ KNPP ၊ KIA စသည့် တိုင်းရင်းသား

လက်နက်ကိုင်ဒေသများတွင် အခြေပြုသည်ဖြစ်ရာ တိုင်းရင်းသားအဖွဲ့များ ငြိမ်းချမ်းရေးယူသောအခါ ABSDF လည်း အတူတွဲပါလာပြီး ၂၀၁၅ တွင် NCA လက်မှတ်ရေးထိုပြီး PPST တွင်ပါဝင်သည်။ လက်ရှိ ABSDF အား ဥက္ကဌ ကိုသံခဲ၊ ဒုဥက္ကဌ ကိုမျိုးဝင်းတို့ခေါင်းဆောင်ပြီး KNU/,KNPP/KIA ဒေသများတွင်အခြေပြုသည်။ လက်ရှိအင်အားမှာ မများလှတော့ဟုသိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြင်ပမှ အဖွဲ့များ

၁။ DKBA ခွဲထွက်

၂၀၀၈/၂၀၀၉ နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးကို လက်မခံသည့် DKBA ( ယခု စောမိုးရှေး ခေါင်းဆောင်သည့် DKBA) မှ ထပ်မံခွဲထွက်သည့် အဖွဲ့ဖြစ်သည်။ ဗိုလ်ဘိ၊ ဗိုလ်ကျော်သက်တို့ခေါင်းဆောင်သည်။ DKBA ကဲ့သို့ အစိုးရနှင့် ပြန်လည်ညှိနှိုင်း၍မရခဲ့ပါ။ ယခင်က

သီးခြားရပ်တည်သည်။ ၎င်းအဖွဲ့မှ စောဆန်းအောင်တို့ ထပ်မံခွဲထွက်သွားသည်။ ယခု လှုပ်ရှားမှု

သိပ်မကြားရပါ။

၂။ ANC/AA

၁၉၈၈ နောက်ပိုင်း ဖွဲ့စည်းခဲ့သော ရခိုင်အမျိုးသားကောင်စီ- ANC ၏ ဥက္ကဌအဖြစ် ဒေါက်တာခင်မောင် တာဝန်ယူပြီး AA တပ်မှူးအဖြစ် မင်းဇံဝေ ခေါ် ဗိုလ်မှူးကြီးမင်းထွန်းတာဝန်ယူသည်။ 

နောက်ပိုင်းထိုင်းနယ်စပ်တွင် အခြေပြုသည်။ ၂၀၁၁ နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ

တွင်ပါဝင်ခဲ့သော်လည်း ၂၀၁၅ NCA လက်မှတ်ရေးထိုးရာတွင်မပါဝင်ခဲ့။ ၂၀၁၈ NMSP နှင့်

LDU တို့ NCA လက်မှတ်ရေးထိုးရာတွင်လည်းမပါဝင်ခဲ့ဘဲ နောက်ပိုင်း အစိုးရက ငြိမ်းချမ်း

ရေးဆွေးနွေးပွဲများတွင် ထည့်သွင်းခြင်းမပြုတော့။ ယခင်ကထဲက စစ်အင်အားအချို့ ထိုင်းနယ်စပ် KNU နယ်မြေတွင် တွေ့ရသည်။ ၂၀၂၁ မေလဆန်းတွင် KNU တပ်မဟာ ၅ နှင့်တွဲ၍ ANC/AA တပ်ဖွဲ့အချို့ပူးတွဲတိုက်ခိုက်နေသည်ဟု ANC/AA ကသတင်းထုတ်ပြန်သည်ကို တွေ့ရသည်။ မြေပြင်သတင်းများအရ အင်အား ၁၀၀ ခန့်ရှိသည်ဟုဆိုပါသည်။

၃။ NSCN(K)

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-NSCN(K) သည် မြန်မာပြည် နာဂတောင်တန်းတွင်အခြေပြုသည်။ မူလ NSCN သည် အိန္ဒိယနှင့်မြန်မာပြည်ရှိ နာဂနယ်အားလုံးတွင် လှုပ်ရှားသည့်အဖွဲ့ဖြစ်သည် ။ နောက်ပိုင်း အီဆပ်နှင့်မွေဘတ် ဦးစီသည့် NSCN(IM) နှင့် ကပ်ပလန်

ဦးစီး NSCN(K) တို့ထပ်ကွဲသည်။ NSCN(IM) က အိန္ဒိယအစိုးရနှင့် ဆွေးနွေးသဘောတူမှု

ရပြီး အိန္ဒိယတွင်ရပ်တည်သည်။ NSCN(K) ကတော့ မြန်မာပြည်တွင်ရပ်တည်သည်။ ၎င်းတို့

နိုင်ငံရေးရည်ရွယ်ချက်မှာ အိန္ဒိယရော မြန်မာပြည်တွင်းပါရှိနေသည့် နာဂဒေသအားလုံးတစုတစည်းရှိရေးဖြစ်ကာ နှစ်နိုင်ငံလုံးနှင့် ပဋိပက္ခဖြစ်ခဲ့သည်။ လက်ရှိ NSCN(K) သည် မြန်မာပိုင်နက်ရှိ နာဂတောင်တန်းတွင်အခြေပြုရာ မြန်မာအစိုးရ/တပ်နှင့် စစ်ရေးပဋိပက္ခမရှိပါ။ သို့သော် အိန္ဒိယနယ်တွင်းပါဝင်ရောက်လှုပ်ရှားလေ့ရှိရာ အိန္ဒိယအစိုးရနှင့် ပဋိပက္ခရှိသည်။

မြန်မာပြည်တွင် စစ်ရေးပဋိပက္ခမရှိသော်လည်း ၎င်းတို့နိုင်ငံရေးရည်ရွယ်ချက်ကြောင့် မြန်မာ

ပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ခြင်းမရှိပါ။ လွန်ခဲ့သောနှစ်အနည်းငယ်က ကပ်ပလန် 

ကွယ်လွန်ပြီးနောက် ခေါင်းဆောင်ပိုင်းအ‌ေပြာင်းလဲများပြိး အဖွဲ့အစည်း မတည်ငြိမ်တော့ပါ။

ယခုအခါ နှစ်ဖွဲ့ထပ်မံကွဲသည်ဟုကြားရသည်။ အင်အားရာဂဏန်းခန့်ရှိပါသည်။ 

၄။ ZRO/ZRA

ဇိုမီးတော်လှန်ရေးတပ်ဦး/ဇိုမီးတော်လှန်ရေးတပ်မတော် သည် ချင်းပြည်နယ်မြောက်ပိုင်း

တီးတိန်၊ တွန်းဇံ နှင့် အိန္ဒိယနယ်စပ်တွင် လှုပ်ရှားပြီး နှစ်ဖက်နိုင်ငံများတွင် နေထိုင်ကြသော ဇိုမီးများလည်းပါဝင်စုစည်းစုဖွဲ့ကြသည်ဟုသိရသည်။ ၁၉၈၈ နောက်ပိုင်း လှုပ်ရှားမှုအချို့တွေ့ရပြီး ယခု ၂၀၂၁ တွင်လည်းသတင်းများကြားရသည်။ သို့သော် ခေါင်းဆောင်၊ အင်အားနှင့်ပတ်သက်၍ အချက်အလက်များ မသိရပါ။

၅။ SNA

ရှမ်းနီအမျိုးသားတပ်မတော် ခေါ် SNA စတင်ဖွဲ့စည်းသည့်ကာလကို မသိရပါ။ ၁၉၇၀ နောက်

ပိုင်းမှစသည့် ရှမ်းနီ နိုင်ငံ‌ေရးလှုပ်ရှားမှုများ၏ အဆက်ဖြစ်ပုံရသည်။ ၂၀၁၅ ခုနှစ်မှစ၍ SNA နှင့်အစိုးရတပ်တိုက်ပွဲဖြစ်သည်ကို တွေ့ရသည်။ SNA လှုပ်ရှားမှုအား ခန္တီး၊ ဟုမ္မလင်း

စသည့် ချင်းတွင်းမြစ်ရိုးတလျှောက်တွင် တွေ့ရသည်။ ၂၀၂၀ ခုနှစ်အတွင်း ချင်းတွင်းမြစ်ရိုးတွင်း

သွားလာသည့် စက်လှေ၊ မော်တော်များအား အခွန်အကောက်သည့်သတင်း၊ ဗန်းမောက်နယ်

အတွင်း အစိုးရတပ်နှင့်တိုက်ပွဲ ဖြစ်သည့်သတင်းများ ကြားရသည်။ ထို့နောက် တပ်မှ ထိုဒေသ

တွင် စစ်ဆင်ရေးဝင်သည့် သတင်းများကြားရသော်လည်း တိုက်ပွဲဖြစ်သည်ကိုတော့မကြားရ

ပါ။ တပ်မှ SNA အား လက်နက်စွန့် လက်နက်ချရန် လိုက်လံစည်းရုံးလှုံ့ဆော်နေသည်ဟူသည့် 

သတင်းများကြားရသည်။ တပ်အနေနှင့် SNA နှင့်ဆွေးနွေးမည့်သဘောထားရှိပုံမရပါ။ လက်

ရှိ ၂၀၂၁ တွင်လည်း SNA နှင့်တပ် တိုက်ပွဲဖြစ်သည့်သတင်းများကြားရသည်။

လက်ရှိ SNA ခေါင်းဆောင်မှုနှင့် တပ်ဖြန့်ခွဲမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

ဥက္ကဌ စဝ်သန်းမြင့်

ဒုဥက္ကဌ ခွန်အောင်

အတွင်းရေးမှူး စဝ်တန်းဖ

တပ်မဟာ ၃ခုဖွဲ့စည်းပြီး ဒေသ ၃ ခု ဖြန့်ခွဲလှုပ်ရှားသည်။

တပ်မဟာ ၈၉၁ - စိုင်းအောင်မိန်း ဦးစီးသည်။ ခန္တီးဒေသ။

တပ်မဟာ ၉၇၂- စိုင်းထွန်း ‌ဦးစီးသည်။ ဥရုချောင်းရိုး၊ နန့်လစ်-ပတ်ကလာဂွင်။ 

တပ်မဟာ ၇၅၃- စိုင်းထူး ဦးစီးသည်။ ဖေါင်းပြင်၊ ဗန်းမောက်ဒေသ။ 

SNA ၏ စုစုပေါင်းအင်အားသည် အနည်းဆုံး ၅၀၀ မှ အများဆုံး ၁၀၀၀ ခန့်ထိရှိနိုင်ပါသည်။

SNA သည် လက်ရှိကာလတွင် ချင်းတွင်းမြစ်ရိုးတလျောက်ရှိ ဖေါင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး

ဒေသများတွင် ပြောက်ကျားထိုးဖေါက်လှုပ်ရှားနေသည်။ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ မိုးညှင်း-မိုးကောင်း သံလမ်းရိုးတလျောက်ရှိ ရှမ်းနီဒေသထိ ထိုးဖေါက်ရန် ရည်ရွယ်ပုံရသည်။ သို့သော် KIA စိုးမိုးဒေသဖြစ်နေပြီး KIA နှင့် ဆက်ဆံရေးမတည်ဆောက်နိုင်ပါက ခက်ခဲမည်ဖြစ်သည်။ လက်ရှိ SNA သည် ပြောက်ကျားစည်းရုံးလှုပ်ရှားမှုကိုသာ အလေးထားသည်ကို တွေ့ရသည်။ မရှောင်မလွှဲသာမှ တိုက်ပွဲတိုက်သည်ကို တွေ့ရသည်။ လက်နက်ခဲယမ်း

ချွေတာရပုံရသည်။ SNA သည် ရှမ်းအဖွဲ့အစည်းဖြစ်သော်လည်း ရှမ်းပြည်ရှိ ရှမ်းလက်နက်

ကိုင်အဖွဲ့များနှင့် အလှမ်းဝေး၍ စစ်ကိုင်းတိုင်း မြောက်ပိုင်းနှင့် ကချင်ပြည်နယ် အနောက်ပိုင်း

တွင် သီးခြားရပ်တည်နေသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟောင်းများ

၁။ ကလလတ 

ကရင်နီပြည် လူမျိုးပေါင်စုံ လွတ်မြောက်ရေးတပ်ဦး- ကလလတ သည် ၁၉၇၈ ခုနှစ်တွင် KNPP က ခွဲထွက်ခဲ့သော အဖွဲ့ဖြစ်သည်။ ထိုချိန်မှစ၍ ကလလတ သည် CPB ၊ ရလလဖ ၊ ကယန်းပြည်သစ်ပါတီ တို့နှင့် နိုင်ငံရေး၊ စစ်ရေးတပ်ပေါင်းစုဖွဲ့စည်းလှုပ်ရှားခဲ့သည်။ ၁၉၉၄ ခုနှစ်

တွင် အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကလလတ လက်နက်ကိုင်တပ်ဖွဲ့ များအား နယ်ခြားစောင့် BGF တပ်ရင်း ၂ ရင်းအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံအရ အစိုးရတပ်လက်အောက်သို့ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းတွင် CRPH ကNUG ဖွဲ့စည်းသောအခါတွင် ကလလတ မှ ဦးချစ်ထွန်း ဝင်ရောက်တာဝန်ယူသည်ကို တွေ့ရသည်။ 

၂။ ကယန်းပြည်သစ်ပါတီ

ကယန်းပြည်သစ်ပါတီသည် ကယားပြည်နယ်အတွင်း CPB ,၊ ကလလတ ၊ ရလလဖ တို့နှင့်တွဲ၍တက်ကြွစွာလှုပ်ရှားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့်အပစ်ရပ်ပြီးငြိမ်းချမ်းရေးယူခဲ့သည်။၂၀၀၉ ခုနှစ် အပြောင်းအလဲတွင် ကယန်းပြည်သစ်အား ပြည်သူ့စစ်အဖြစ်ပြောင်းလဲသတ်မှတ်သည်ဟုဆိုသည်။ သို့သော်လည်း ကယန်းပြည်သစ်ပါတီကတော့ သူ့ပါတီ အဖွဲ့အစည်းအနေနှင့်ရပ်တည်နေပုံကိုပြသသည်။ ၂၀၂၀ တွင်း လက်နက်သိမ်းခံရသည့် ကောင်းခါးအဖွဲ့လည်း ၂၀၀၉ ခုနှစ်မှစ၍ ကောင်းခါးပြည်သူ့စစ်ဟုပြောင်းလဲသတ်မှတ်သော်လည်း ၎င်းတို့က သူတို့ကိုယ်သူတို့ Kachin Defence Army - KDA ဟုသာ တောက်လျှောက်သုံးစွဲသည် နှင့်ဆင်တူသည်။ ကယန်းပြည်သစ်ပါတီသည်လည်း လက်နက်ကိုင်အင်အား ၁၀၀၀ ဝန်းကျင်ရှိ

နိုင်သည့်အဖွဲ့ဖြစ်သည်။

၃။ စိန်‌ေဂျာ့ ပြည်သူ့စစ် ၊ ကာလိ ပြည်သူ့စစ်

၂၀၀၉ ခုနှစ်တွင် ယခင် SSPP/SSA မှ တပ်မဟာ ၃ သည် စိန်ဂျော့ပြည်သူ့စစ်ဟု၎င်း၊ တပ်မဟာ ၇ သည် ကာလိ ပြည်သူ့စစ်ဟု၎င်း အသွင်ပြောင်းခဲ့ကြသည်။ ၂၀၂၁ လှုပ်ရှားမှု

တွင် သီပေါမြို့ ဆန္ဒပြသူများအား ကာကွယ်မည်ဆိုပြီး စိန်ဂျော့ ပသစ များ သီပေါမြို့ပေါ် တက်

လာသည်ကို တွေ့ရသည်။ ယုံကြည်သူလည်းရှိသည်။ မယုံသူလည်း ရှိသည်။ ၂၀၂၁ အပြောင်းအ လဲသည် လက်နက်ကိုင်အဖွဲ့အားလုံးအား ဂယက်ရိုက်ပုံရသည်။

၄။ ကရင် BGF 

စောချစ်သူ ဦးစီးသည့် ကရင် BGF သည် ရင်း ၁၂ ရင်း အင်အား ၃၀၀၀ ကျော် ခန့်ရှိသည်။ မူလ KNU မှ ခွဲထွက်လာသောအဖွဲ့ဖြစ်သည်။ BGF များကြားတွင် အင်အားအတောင့်တင်းဆုံးဖြစ်သည်။ ၂၀၂၁ ခုနှစ် KNU နှင့် နစအ တပ်ကြားတိုက်ပွဲများတွင် နစအ ထက်မှ စစ်ကူပေးရန်တာဝန်ပေးခံရသည်ဟုသတင်းထွက်သည်။ တဖက်ကလည်း မကြာသေးခင်က စောချစ်သူအပါ BGF ခေါင်းဆောင်များအား နှုတ်ထွက်ရန် တပ်ကဖိအားပေးသည့် တင်းမာမှုများလည်း ရှိသည်။ လက်ရှိအပြောင်းအလဲတွင် ကရင် BGF တို့အား အဖက်အဖက်က ဖိအားပေးနေသည်ကို တွေ့ရသည်။ သို့သော်လည်း လက်ရှိတွင် နစအ/တပ်၏ ကွပ်ကဲမှုအောက်တွင်ရှိသည်။

၅။ PNO

ရှမ်းပြည်တွင် ၁၉၄၉ မှစသည့် ပအိုဝ်းတော်လှန်မှုသည်လည်း အစဉ်အလာကြီးသည်။ ၁၉၅၈ တွင် လက်နက်နှင့်ဒီမိုကရေစီလဲသည့်ခေါင်းစဉ်အောက်တွင် အလင်းဝင်ခဲ့ပြီး ၁၉၆၆ တွင် ဒုတိ

ယ ပအိုဝ်းတော်လှန်ရေးပြန်စသည်။ မူလ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့- ပအလဖ ကို ၁၉၆၇ နှစ်ကုန်ပိုင်းတွင် ရလလဖ- ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ဟုပြောင်း

လဲဖွဲ့စည်းသည်။ ၁၉၇၃ ခုနှစ်မျစ၍ ရလလဖ တွင်း အယူအဆကွဲပြားပြီး CPB ,နှင့်ပေါင်းသည့်

စောတာကလယ်ဦးစီးသည့် ပအိုဝ်းနီနှင့် အမျိုးသားရေးလမ်းစဉ်ဆက်လက်ကိုင်စွဲသည် ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းဖြူဟူ၍ နှစ်ဖွဲ့ကွဲသည်။ ၁၉၇၆ ခုနှစ် နှစ်ကုန်တွင် ဦးအောင်းခမ်းထီဦးဆောင်သည့်အဖွဲ့ကရလလဖ အမည်မသုံးတော့ဘဲ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO ဟုပြောင်းလဲဖွဲ့စည်းသည်။ ဦးအောင်ခမ်းထီခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO သည် ၁၉၉၁ ခုနှစ်တွင် အပစ်ရပ်ပြီး ဥပဒေဘောင်တွင်းသို့ဝင်သည်။ လက်ရှိကာလတွင် PNO လက်နက်ကိုင်တပ်ဖွဲ့အား ပအိုဝ်းပြည်သူ့စစ်များအဖြစ်ဖွဲ့ထားသည်။ PNO ကတော့ ဥပဒေတွင်းပါတီအဖြစ် ၂၀၁၀မှ စ၍ရွေးကောက်ပွဲဝင်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်သည့် မြို့နယ် ၃ ခုလုံးတွင် ရွေးကောက်ပွဲတိုင်း၌ အနိုင်ရထားသည်။ PNO သည် အစဉ်အလာအရ မြန်မာစစ်ဖက်နှင့်ရင်းနှီးသောဆက်ဆံရေးရှိခဲ့သော်လည်း ၂၀၂၀ ရွေး ကောက်ပွဲအပြီး NLD နှင့်တွေ့ဆုံမှုများရှိသည်ကိုတွေ့ရသည်။ ၂၀၂၁ ခုနှစ် အပြောင်းအလဲတွင် သိသာသောသဘောထားဖေါ်ပြသည်ကို မတွေ့ရပါ။ မည်သို့ဆိုစေ ပအိုဝ်အဖွဲ့အစည်းတခုဖြစ်သော ရလလဖ ပြိုကွဲပြီးနောက် ပအိုဝ်းဒေသတွင် စည်းရုံးရေး အုပ်ချုပ်ရေးဩဇာရှိသော အဖွဲ့မှာ PNO ဖြစ်သည်။ ပအိုဝ်းပြည်သူ့စစ်ဦးရေမှာ တရားဝင် ၅၀၀ ခန့်သာ ရှိသော်လည်း မြေပြင်သတင်းများအရ ၃၀၀၀ ခန့်ရှိနိုင်သည်ဟုဆိုပါသည်။

၂၀၂၁ တွင် တွေ့ရသည့် လက်နက်ကိုင်တပ်အသစ်များ

၁။ PDF

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF အား NUG မှ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ နေ့စွဲနှင့် ဖွဲ့စည်းကြောင်းကြေညာသည်ကို တွေ့ရသည်။ မည်သည့်နေရာတွင် အင်အားမည်မျှနှင့် ဖွဲ့စည်းကြောင်းမသိရသေးပါ။ ထို့ပြင် PDF ၏ ဘဏ္ဏာရေးနှင့် လက်နက်ခဲယမ်းအခြေအနေတို့ မည်

သို့ရှိသည်ကို ဆက်လက်လေ့လာရန်လိုအပ်ပ့သည်။

၂။ အခြားအဖွဲ့များ 

၂၀၂၁ လူထုလှုပ်ရှားမှုအတွင်း မတ်လ‌‌ေနာက်ပိုင်းမှစ၍ လက်နက်ကိုင်အဖွဲ့ဖွဲ့သည့်သတင်းများ အနယ်နယ်မှကြားရသည်။ အချို့က ယခုအချိန်တွင် PDF တွင် ပါဝင်မည်ဟုဆိုကြသည်။ 

ထို့အဖွဲ့များသည် ကြီးထွားလာမည်လော၊ ဆက်လက်ရပ်တည်နိုင်မည်လော၊ ပြိုကွဲမည်လောဆိုသည်ကို ဆက်လက်စောင့်ကြည့်ရအုံးမည်ဖြစ်သည်။ 

ဆက်လက်ဖေါ်ပြပါမည်


Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။