နွေဦးတော်လှန်ရေး Intro

နွေဦးတော်လှန်ရေးတဲ့
စကားလုံးလေးကသာလှတာပါ ..
အပူနဲ့ အလျံတညီးညီး ကတ္တရာလမ်းတွေထက် လမ်းလျှောက်ချီတက်ရတာ
နှလုံးသားရဲ့ ပြင်းထန်လှတဲ့ တောင့်တမှုကြောင့်သာမဟုတ်ရင် .. ကျွန်မတို့ကြွေးကြော်သံတွေ လမ်းမတွေအပေါ် အခုချိန်ထိ ပြည့်လျှံနေနိုင်ပါဦးမလား ...
တချို့က လောင်မြိုက်မခံလည်းဘဲ ဘဝပျက်သွားမယ့်သူတွေမဟုတ်ပါဘူး ..
တချို့က လောင်မြိုက်မခံလည်းဘဲ အနေအစားမပျက် ဘဝကိုရှေ့ဆက်နိုင်နေသူတွေပါ ..
ဒါပေမယ့် ကျွန်မတို့နှလုံးသားဟာ အမှန်တရားအတွက် ဆင်းရဲခြင်းကို ရွေးချယ်ကြတယ် ..
ပညာတတ်ကြီးလား သင်အမှန်တရားအတွက် ဆင်းရဲခြင်းကို ရွေးချယ်ဖူးလား ..
စာရေးဆရာကြီးလား သင်အမှန်တရားအတွက် ဆင်းရဲခြင်းကို ရွေးချယ်ဖူးလား ..
လူချမ်းသာကြီးလား သင်အမှန်တရားအတွက် ဆင်းရဲခြင်းကို ရွေးချယ်ဖူးလား ..
တွေးခေါ်ပညာရှင်ကြီးလား သင်အမှန်တရားအတွက် ဆင်းရဲခြင်းကို ရွေးချယ်ဖူးလား ..
ငြိမ်းချမ်းရေးသမားကြီးလား သင်အမှန်တရားအတွက် ဆင်းရဲခြင်းကို ရွေးချယ်ဖူးလား ..
အမှန်တရားအတွက် သင့်ကျောတွေ ခြေဖမိုးတွေ လောင်ကျွမ်းခံခဲ့ဖူးပါသလား ..... လမ်းမတွေအပေါ် ။
(ဆင်းရဲခြင်းကိုရွေးချယ်သူ သူရဲကောင်းများသို့)

ဒီ blog လေးကတော့ ၂၀၂၁ နွေဦးတော်လှန်ရေး မှာ အသုံးဝင်မယ်ထင်တဲ့ facebook က post တွေကို တနေရာတည်းမှာ စု ထားချင်လို့ လုပ်ဖြစ်တာပါ။ လိုအပ်လို့ ရှိရင် လိုက်ရှာရတဲ့ ဒုက္ခကနေ ကင်းဝေးစေချင်တာရယ် အကုန်လုံး တစ်နေရာတည်းမှာ ရှိနေရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူးလေးနဲ့ လုပ်ဖြစ်သွားတာပါ။ ဒီ အချိိန်အခါမှာ အကုန်လုံးက မျှဝေစေချင်တဲ့ စိတ်ရှိမယ်လို့ ထင်တာကြောင့် post အကုန်လုံးကို credit မပေးတော့ပါဘူး။ Post ပိုင်ရှင်တွေလည်း သဘောတူမယ်လို့ ထင်ပါတယ်။ 



Comments

Popular posts from this blog

Crisis မှာ သုံးဖို့ ဆေးပညာ အခြေခံများ

PSLF/TNLA - တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့

SSPP/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့